photo credit
ရဟန်းသံဃာကို ကိုးကွယ်တော့မယ်ဆိုရင်
အခုဖေါ်ပြထားသည့် ကျင့်ဝတ်တွေနှင့်ညီမညီ
စမ်းစစ်ဝေဖန်၍ ကိုးကွယ်ကြပါ။
သောတာပန်ဖြစ်နိုင်သည်အထိ ပါရမီဥာဏ်ပါခဲ့သော
အဇာတသတ်မင်းသားသည်
ဆရာတင်မကိုးကွယ်ထိုက်သော
အရှင်ဒေ၀ဒတ်ကို
ဆရာတင်ကိုးကွယ်မိသည့်အတွက်
ဆရာညွန်ပြသည့် အမှားတွေကို
အမှန်ထင်ကာ
နောက်ဆုံး အဖေကိုပါသတ်မိမှားကာ
အပါယ်ငရဲသို့ ကျေ၇ာက်ခဲ့၇ပါတယ်။
ရဟန်းကျင့်ဝတ် ၆ ပါး
..
၁။မကောင်းတရား မမှန်တရား အကုသိုလ်များ
အမှားလမ်းစဉ်များကို
မပြုလုပ်ရအောင်တားမြစ်ရခြင်း။မကောင်းသော
ကာယကံမှု ၀စီကံမှု မနောကံမှုတို့ကို
မြုပုလုပ်ရအောင် တားမြစ်ပိတ်ပင်ရခြင်း။
ကိုးကွယ်သူ မှားနေမှန်းသိလျက်
ငါအမှန်ပြောရင် ငါ့ကိုလှူပါ့မလားလို့
ပစ္စည်းလာဘ်လာဘကိုငဲ့ကာ
အမှန်ညွန်မပြပဲ အမှားတွေကိုဆက်မြှေက်ပေးနေလျှင်
ထိုးရဟန်းမျိုးကို
မကိုးကွယ်ထိုက်ပါ။
ပါပါ နိဝါရေန္တိ။
၂။ကောင်းသောတရား မှန်သောတရား
သစ္စာတရားများကို
သွန်သင်ညွန်ပြခြင်း။ကောင်းသောအမူအရာနှင့်
သုစရိုက်တရားတို့ကိုပြုလုပ်ကျင့်ကြံနိုင်ရန် ညွှန်ပြရခြင်း။
ရဟန်းသည် ကိုယ်ကိုယ်တိုင်
ဒုစရိုက်တရားများကိုကျင့်သုံးလျက်
ဆဲဆိုကြမ်းတမ်းလျက်
ဒကာဒကာများကိုလည်း
ဒုစရုက်တရားများကျင့်သုံးအောင်
ဆဲဆိုလာအောင် အမုန်းတရားများ
ပြန့်လာအောင် သွန်သင်ညွှန်ပြနေပါက
ထိုရဟန်းမျိုးကို မကိုးကွယ်ထိုက်ပါ။
(ကလျာဏေ နိဝေသေန္တိ)
၃။ကောင်းသောစိတ်ထားဖြင့် အစဉ်စောင့်ရှောက်ခြင်း။
အကိုးကွယ်ခံဆရာရဟန်းသည်
စိတ်စေတနာကောင်းများကို
ကိုယ်ကျင့်သီလကောင်းမွန်စွာ
စံပြနေထိုင်ကျင့်သုံးပြလျက်
ဒကာာဒကာမများအား စိတ်စေတနာကောင်းများ
ကိုယ်ကျင့်သီလကောင်းများ
နှလုံးသားထဲ၌ လက်တွေ့ကျင့်သုံးလာအောင်
မေတ္တစေတနာခြင့် အစဉ်စောင့်ရှောက်ခြင်း။
(ကလျာနေဏ မနသာ အနုကမ္မန္တိ)
၎။မသိသေးသည်ကိုသိအောင်မကြားဖူးသေးသည်ကို
ကြားဖူးအောင် တရားဓမ္မများ၌
ကောင်းစွာကျင့်သုံးနိုင်အောင် ရှင်းလင်းပြခြင်း
နားလည်စေခြင်း။
(အဿုတံ သာဝေန္တိ)
၅။ကြားဖူးသည်ကို ခိုင်မာအောင် ပိုမိုနားလည်ရှင်းသွားအောင်
တရားဓမ္မများကို ပိုမိုခိုင်မာကျင့်သုံးချင်လာအောင်
အသက်နှင့်လဲ၍ကိုယ်ကျင့်သီလကိုချစ်မြတ်နိုးလာအောင်
ထပ်မံ၍ ညွှန်ပြေခြင်း ဟောပြခြင်း။
(သုတံ ပရိယောဒါပေန္တွိ)
၆။ သံသရာမှ လွတ်မြောက်ရာလမ်းကို ညွှန်ပြနိုင်ရန်
ကိုယ်ကိုယ်တိုင် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ
ဗြဟ္မစိုရ်တရားများကို ရှေ့ဆောင်လမ်းပြအနေဖြင့်ကျင့်သုံးလျက်
ဒကာဒကာမများအားလည်း သွန်သင်ညွန်ပြဟောပြောခြင်း။
(သဂ္ဂဿ မဂ္ဂံ အာစိက္ခန္တိ)
မကောင်းမြစ်တာ၊ကောင်းရာညွန်လစ်
အသစ်ဟောကျူး၊ နာဖူးထပ်မံ၊နတ်ထံတင်ရာ၊
မေတ္တာလည်းပြု ရဟန်းမှု ခြောက်ခုလွန်သေခြာ။
(သိင်္ဂါလောဝါဒသုတ်၊ ပါထိက ပါ ၁၅၄)
ရဟန်းကျင့်ဝတ်၊ တစ်ပါးချွတ်က၊
လူ နတ် မကြိုက်၊ ကဲ့ရဲ့ထိုက်၏။
ဓမ္မအမှန်တရားကိုချစ်မြတ်နိုးကာတန်ဖိုးထားနိုင်ကြပါစေ..
သူ့ အဖြစ်
...
တစ်ခါ နယ် မှာ ထော်လာဂျီ မောင်း ရင်း
စီရာတိုင် နဲ့ ဗိုက်ထိပြီး ရောက်လာတဲ့ ဦးလေးကြီး တစ်ယောက်ရှိတယ်
Colon perforation လား rectum လား မသိ
ဖွင့် လိုက်တာနဲံ fecal တွေဂကြီးပဲ!
Postop ထွက် လာ ကတည်း က septic shock နဲ့
ကိုယ့်duty မှာ monitor တောက် လျှောက်
မိန်းမ နဲ့ ကလေး နှစ်ယောက် နဲ့
လူက တော့ စကားတွေပြောနိုင်သော် လည်း
Pressure က မတက်!
နောက်ရက် duty အထွက် မှာ တင် ဆုံးရှုံး ခဲ့ရတယ်
သူ ကလေးတွေ နဲ့ အတူ ကိုယ်ပါ ဝမ်းနည်းခဲ့တာ်!
နောက် OG မှာ septic abortion တစ်ယောက်
ကလေး ၃ ယောက် ရှိတယ် septic abortion တွေ အသေမုန်းတာ
သူ့ကိုကျ ဘာလို့မှန်းမသိ သနားတယ်
ပိုက်ဆံ လည်း မတတ် နိုင်တဲ့ သူမဟုတ်
ယောက္ခမ က မလိုချင် လို့တဲ့
လူ က ငုတ်တုတ် ထိုင်နိုင်ဂစကားပြော နိုင်
Pressure က လုံးဝ မတတ်
တစ်ည လုံး monitor လုပ် စကားတွေ ပြော
ဆရာမ ရယ် ငျမ နောက်ဆို မလုပ်တော့ပါဘူး
အဲ့ လိုနဲ့ နောက် နေ့ duty အထွက် ဆုံးရှုံးခဲ့ရတယ်
တပတ် လောက် အဲ့မိန်းမ အနံ ကိုယ့်နားစွဲနေတုန်း!
နောက်တစ်ယောက် OG မှာ refer case
PPH DIC ရှေ့duty မှာ ရောက်တာ
လူနာ က pressure 0 က နေ blood သွင်းပြီး shock နဲ့ တစ် ည လုံး moniotr လုပ် လူနာ က တစ် ကိုယ် လုံး
Bruses petechiae တွေ ပေါ် nor dapa အကုန်ဂတင်ဂpressure palpable နဲ့ တစ် ညလုံး နောက်ဆုံး အချိန် ထိ ကြိုးစား သူ့ဘေးနား အိပ်နေတဲ့ တစ်ရက်သားကလေးလေးကြည့် စိတ် ထဲ တအား ဝမ်းနည်ယတယ်! နောက်သုံးနှစ်အရွယ် ကလေးလေး
နောက် duty ထွက် ခါနီးလေးတင် ဆုံးရှုံး
ခဲ့တယ် စိတ် ထဲ တအားဝမ်းနည်းတယ်
May Thu
Via bamarsayawon