သည်းခံလိုက်ပါ *-*-*-*-*-*-*-*-*-*

Words
75
Reading
1 min
Listen
Play
8y

image
photo credit

#သည်းခံလိုက်ပါ
---------

  • ကိုယ် အားမရှိလို့ သူ တအားဖိလာရင်လည်း
    တရားနဲ့ညှိကာ ကိုယ်ကပဲသည်းခံလိုက်ပါ။

  • ကိုယ် မှန်နေပေမယ့် သူ ထန်နေရင်လည်း
    မူမမှန်တဲ့သူ့ကို ကိုယ်ကပဲ သည်းခံလိုက်ပါ။

  • ကိုယ် ကောင်းရဲ့သားနဲ့ သူ ချောင်းဖဲ့တာ
    များရင်လည်း ~ အကောင်းမရွဲ့ရအောင်
    ကိုယ်ကပဲ သည်းခံလိုက်ပါ။

  • ကိုယ် မေတ္တာရှိသလို သူ သစ္စာမရှိရင်လည်း
    မေတ္တာမပျက် ကိုယ်ကပဲ သည်းခံလိုက်ပါ။

  • ကိုယ် သိတတ်ပေမယ့် သူ အသိအမှတ်မပြုရင်
    လည်း ~ မသိတတ်တဲ့သူ့ကို ကိုယ်ကပဲ
    သည်းခံလိုက်ပါ။

သည်းမခံနိုင်လို့ အထိမခံ ပြန်တုန့်ပြန်ရင်
ကိုယ့်အတွက် သံသရာ ရှည်နေဖို့သာ ရှိမှာပေါ့။

သူ့အပိုင်းဟာ … သူ့သမိုင်း
ကိုယ်မရိုင်းဖို့က … ကိုယ့်တာဝန်
ကိုယ့်အကြောင်းကောင်းဖို့ … ကိုယ်ကြိုးစား
အဆိုးမများဖို့အရေး ကိုယ်ကပဲ သည်းခံပေးရုံပေါ့။

သီးခံခြင်းသည် အောင်မြင် ခြင်ပါဘဲ မှန်သောစကားလေး မှတ်သားလောက်ပါတယ် ချစ်ကိုကြီး မင်္ဂလာပါ အေးချမ်းပျော်ရွှင်ပါစေ..

အတတ်နိုင်ဆုံးတော့သီးခံပြီး
နေပါတယ်…အတိုင်းအတာ
တစ်ခုကျော်သွားရင် သီးမခံနိုင်
တာက ဖျောက်လို့မရသေးပါ

သည်းခံလိုက်ပါ *-*-*-*-*-*-*-*-*-* | Ecency