photo credit
လင်သေလဲမသွားဘူး
သားငိုလဲမကြားဘူး
အပြုံးတုတွေနဲ့
အမုန်းတစ်စုရဲ့ရှေ့မှာ
အခါခါ ညှင်းပန်းနှိပ်စက်ခံရလဲ
အပြုံးမပျက်အမုန်းမဖက်တဲ့ မေတ္တာရှင်မကြီး
ကျမကိုနင်းလို့လမ်းဖြစ်ရင်သွားပါ
အသုံချလို့အသုံးကျရင်ပီတိပွားသတဲ့
ကမ္ဘာ့အလယ်မှာ ခေါင်းမော့ရင်ကော့ရင်း
ကော်ဇောနီတွေအပေါ် ဒေါက်ဖိနပ်နဲ့နင်းရင်း
ကြေမွခဲ့တာက သူ့နှလုံးသားတွေ
အိုအမေ ………
ပေးဆပ်ခြင်းဆိုတဲ့အရာဟာ
အမေ့အတွက်ထားခဲ့လေသလား
ရင်ဝယ်သားထက် ပြည့်ရင်သွေးတွေကိုပိုချစ်ပါသတဲ့
ကျွန်တော် အမေ့ရဲ့ဘုန်းတော်ဘွဲ့တွေရေးလို့
အပြစ်ဆိုချင်ဆိုကြပါစေအမေ
ကုန်မှမကုန်နိုင်တာပဲလေ
ရေးနေရအုံးမပေါ့
ချစ်တယ် အမေ
...
သူလှူထားတဲ့ ဘုရားပလ္လင်ကြည့်ချင်လို့ဆိုပြီး
ဦးဇင်းကျောင်းကို တစ်ယောက်တည်း
လမ်းလျှောက်ကာ ရောက်အောင်လာပါတယ်။
ဒကာမကြီးက သူ့အသက် ၈၅ နှစ်ရှိပြီဟုပြောကာ
သူ့ရဲ့လက်မောင်းမှာရေးထိုးထားတဲ့
၁၂၉၅ ခုနှစ်ဆိုတာပြပါတယ်။
..
သူ့ရဲ့ခင်ပွန်းကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က
ကွယ်လွန်သွားခဲ့ပါပြီ။
သူ့ရဲ့ခင်ပွန်း သီလမြဲပုံအကြောင်းတွေပြောပြနေပါတယ်။
သူ့ရဲ့ခင်ပွန်းဟာ ငါးပါးသီလကို အသက်သာအသေခံ
မယ် အပျက်မခံဘူးတဲ့။
တခါက သူ့ခင်ပွန်းခရီးသွားရင်း လက်နက်ကိုင်
အဖွဲ့နဲ့ဆုံပါတယ်။အဲဒီမှာ အရက်တွေသောက်နေကြ
တော့ သူ့ကိုလည်းတိုက်ပါတယ်။
သူကမသောက်ဘူးလို့ပြောတော့ သူတိုက်တာ
မသောက်ရမလားဆိုပြီးစိတ်ဆိုးကာ
အရက်တွေခေါင်းပေါ်လောင်းချလိုက်ပါတယ်။
မသောက်လို့မရဘူးသောက်လို့ပြောတဲ့အခါ
သူ့ခင်ပွန်းက သူဟာဆရာတော်ထံမှာ
ငါးပါးသီလကို အသက်နဲ့ လဲစောင့်ထိမ်းပါ့မယ်
သစ္စာဆိုထားတာ ပစ်ချင်လဲပစ်မသောက်နိုင်ဘူးလို့
ပြောခဲ့ပါတယ်တဲ့။
..
အခုတော့ မြန်မာနိုင်ငံမှာ ငါးပါးသီလက
ဈေးပေါပေါနဲ့ ဝေရမဏိ ရှောင်ကြဉ်ပါ၏ပါးစပ်ကဆို
ကျိုးပေါက်စရာရှိရင် ငါးပါးလုံးကျိုးပေါက်
ပြီးတော့မှ ဆရာတော်တွေဆီမှာထပ်ယူ
နဲ့ ဝေရမဏိ သံသရာလည်တာကို စဉ်းစားနေမိပါတော့တယ်။