အမေမှာချင်တယ်

Words
175
Reading
1 min
Listen
Play
8y

image
photo credit

 မိသားစုထဲမှာစိတ်ဝမ်းကွဲနေကြပြီဆိုရင် ဘယ်လိုအခြေခိုင်မှာလဲ ။ အရှေ့ကိုလျှောက်ဖို့ ခက်ပြီ ။ သားတို့ သမီးတို့အမေ့ကို ကူပါ ။တိုင်းပြည်အတွက် ပြိုင်တူ အရွေ့တွန်းအားတွေနဲ့ မေတ္တာရှေ့ထား  အခက်အခဲများကို ကျော်လွှားချင်လိုက်တာကွယ် !!!

မသေချာတဲ့ အဆိုး အကောင်း အကျိုးအကြောင်းတွေအတွက် အချိန်ပြည့် သားတို့  သမီးတို့  ရန်ဖြစ်နေကြမှာလား !! ငြင်းခုံရင်းအပြစ်တင် တစ်ဦးနဲ့တစ်ဦးအပြစ်မြင် … တနေ့ ထက်တနေ့ လုပ်ရကိုင်ရခက်ခဲအောင်ဒုက္ခပေးနေသူတွေများလွန်းတဲ့ သူတွေကြားထဲမှာ အမေပင့်သက်ရှုဘို့  အချိန်လေးတောင်မရဘူးကွယ် !!!

အများကြီးမပြောလိုတော့ပါဘူး !!!
အမေ့ကိုတချက်လေး ငဲ့ကြပါ …
တချက်လေး နားလည်မှုနဲ့ စာနာပေးကြပါ …
အမေ ခြေကုန်လက်ပန်းကျချင်လာပြီ !!
ဇရာကလည်း ထောင်းလာပြီကွယ် …
သားတို့  သမီးတို့ ရဲ့ တွန်းတင်ပေးမဲ့အားကို အမေလိုအပ်နေတယ် …
အမေ့အတွက် ခွန်အားလိုတယ် …

မစာနာသူတွေ ။ မလိုတမာသူတွေ ။ အကြမ်းဖက်လိုသူတွေက ဘယ်လိုပင် အမေ့ကိုရက်ရက်စက်စက် ဖိအားပေး တိုက်ခိုက်နေကြပါစေ …
အားလုံးကို အမေခွင့်လွှတ်တယ် !!
မေတ္တာနဲ့ အားလုံးကို အမေအနိုင်ယူပြစေ !!
ကိုယ်ကျိုးသမားတွေအမေ့ဂုဏ်သိက္ခာကို ဘယ်လိုပင်ရိုက်ချိုးဖျက်ဆီးနေပါစေ !! အဲ့ဒီ ဂုဏ်တွေက အမေသေရင် အမေ့နောက်ကို မပါဘူး !! အမေ ဘာဂုဏ်ဒြပ်မှလည်း မမက်မောပါဘူးကွယ် ……

အမေ မှာပါရစေ …
သားတို့  သမီးတို့  ရှေ့ကိုလှမ်းမဲ့ ခြေလှမ်းတွေ တုံ့ဆိုင်းခြင်းမဲ့လို့  အရာရာကို ရဲရဲဝံ့ဝံ့ ဖြတ်ကျော်လျှောက်လှမ်းပြကြပါ ……

#အောင်ဆန်းစုကြည်

ဒီမိုအမျိုးတို့ရေ
အမေစုအတွက်ခွန်အားတွေဖြစ်စေဖို့
သွေးမကွဲဘဲစည်းလုံးကြစို့နော်။

    သက်တမ်းကုန်တဲ့ လုပ်ကွက်တွေကို  လုပ်ငန်းရှင် ၊ တပ်မမှူး ၊ KIA ၊ ကျောက်စိမ်းရုံး နဲ့ ညှိပီး ယန္တယားတွေနဲ့ တူးနေတာ ကုန်တောင် ကုန်တော့မယ် ။ တပ်မမှူးကို လေးပုံတပုံပေးရတယ် ။ KiA ကို သုံးပုံ တပုံပေးရတယ် ။ ကျောက်စိမ်းရုံးကိုတော့ ဘယ်လောက်ပေးရတယ် အတိအကျမသိရဘူး ။ အစုပေးတာတွေက တနေရာနဲ့ တနေရာမတူဘူး ။ ဖားကန့်မှာတော့ စစ်တပ်နဲ့ KIA ဆိုတာ စီးပွားရှာဘက်တွေ ။ ရွာထဲမှာ ဘယ်ကောင် KIA ဆိုတာ စစ်တပ်သိတယ် ၊ စရဖ သိတယ် ၊ SB သိတယ် ။ အစိုးရရုံးတွေတောင် KIA ကို အခွန်ပေးရတယ် ။ ရွာထဲမှာ KIA အခွန်ကောက်တဲ့ နေရာတွေ စစ်တပ်သိတယ်