တရားနာအကြိုက် ၅မျိုး

paisoeoo(46)
Published in
#busy
Words
97
Reading
1 min
8y
Listen to this post
~1 min

တရားနာပရိတ်သတ်က အကြိုက် ၅-မျိုး ရှိကြတယ်။
ဘယ်သူတွေလည်း ဆိုတော့ -

၁။ သဒ္ဒပသန္န - ဆိုတာ
အသံကောင်းတာကိုမှ ကြည်ညိုတာ၊
အသံအနေထား ကြည်ညိုတဲ့ပရိသတ်ပေါ့။
နိဗ္ဗာန် မဂ်ဖိုလ်တော့ မရနိုင်ပါဘူး။

၂။ ရူပသန္န - ဆိုတာ
ရုပ်ရည်အဆင်းကိုကြည်ညိုတာ၊
ဓမ္မကထိကကိုယ်တော်ရဲ့ ရုပ်ဆင်းအင်္ဂါ၊
ဥပဓိရှိတာကို ကြည်ညိုတဲ့ ပရိသတ်၊
သူလည်း မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး။

၃။ ဂုဏပသန္န - ဆိုတာ
ဂုဏ်ရှိတဲ့ ဓမ္မကထိကကိုမှ ကြည်ညိုတာ၊
ဘုန်းကြီးကိုပဲ ဆိုကြပါစို့။
ဒီဘုန်းကြီးက တိပိဋကဓရတဲ့။
အင်မတန်ဂုဏ်ရှိတယ်ဆိုပြီး
ကြည်ညိုတဲ့ ပရိသတ်၊
ဒီပရိသတ်မျိုးလည်း ...
မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး။

၎။ လူခပသန္န- ဆိုတာ
ခြိုးခြိုးခြံခြံ အကျင့်ရှိသူကိုမှ
ရွေးပြီးကြည်ညိုတာ၊
ဒီပရိသတ်မျိုးလည်း ...
မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်ပါဘူး။

၅။ ဓမ္မသန္န - ဆိုတာ
တရားဓမ္မသက်သက်ကို ကြည်ညိုတာ။
အဲဒါမျိုးကျတော့ ..
အသံကိုလည်း ပဓာန မထား၊
ရုပ်အဆင်းကိုလည်း မကြည့်၊
ဂုဏ်ကိုလည်း မငဲ့၊
ခေါင်းခေါင်းပါးပါး အကျင့်ကိုလည်း
ဂရုမစိုက်။
ဓမ္မသက်သက်ကိုသာ ကြည်ညိုတဲ့ပရိတ်မျိုး။

အဲဒီ ပရိသတ်မျိုးသာလျှင် ...
ဒီဘဝမှာ တရားထူး ရနိုင်တယ်တဲ့။
အဲဒီ ဓမ္မပသန္န ပရိသတ်ဆိုတာကတော့
ဦးရေနည်းပါးလှပါတယ် ...။

တိပိဋကဓရ ဓမ္မာဘဏ္ဍာဂါရိက
မင်းကွန်းဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ
ဟောကြားတော်မူသော တရားတော်မှ ....

တရားနာအကြိုက် ၅မျိုး | Ecency