မေတ္တာနဲ့ တွေးတဲ့အတွေး

paisoeoo(46)
Published in
#busy
Words
60
Reading
1 min
Listen
Play
8y

မေတ္တာနဲ့တွေးတဲ့ အတွေး

မေတ္တာနဲ့တွေးတဲ့အတွေးကို
` အ ဗျာပါဒဝိတက်´ လို့ခေါ်တယ်။
အများသတ္တဝါတွေရဲ့ ကောင်းကျိုးချမ်းသာကို မျှော်ကိုးပြီး
တွေးတဲ့အတွေး။

သတ္တဝါအားလုံး ချမ်းသာကြပါစေ။
စိတ်ကလည်းတွေးတယ်။
နူတ်ကလည်းပြောတယ်။
လက်ကလည်း လုပ်ကိုင်ပေးတယ်။
ကောင်းကျိုးချမ်းသာတွေကို ရစေတယ်။

ကောင်းတဲ့အတွေးကို တွေးသည့်
အတွက် ကောင်းတဲ့ စကား
ပြောလာတယ်။

ကောင်းတဲ့အလုပ်တွေ လုပ်လာတယ်။
ဒါကြောင့် မိမိကိုယ်တိုင်ကလည်း
အပြစ်ကင်းတယ်။

ကောင်းကျိုးချမ်းသာတွေ ရတယ်။
သူတစ်ပါးလည်း ကောင်းကျိုး
ချမ်းသာတွေ ရ သွားတယ်။
ဒါက တွေး သင့်တဲ့ အတွေးပဲ။

``ကရုဏာနဲ့ တွေးတဲ့အတွေး´´

` အဝိဟိံသာဝိတက်´ ကရုဏာနဲ့
တွေးတဲ့အတွေး။
ကြင်နာစိတ်နဲ့ တွေးတယ်။

သူတစ်ပါးကို ရက်ရက်စက်စက်လုပ်ဖို့
သူတစ်ပါး ဒုက္ခရောက်တာကို
ကြည့်ချင်တဲ့ အတွေးမျိုးမဟုတ်ဘူး။
သူတစ်ပါးကို မညှဉ်းဆဲဘူး။
အားလုံး ဆင်းရဲဒုက္ခက
လွတ်မြောက်ကြပါစေလို့ တွေးတယ်။

ဒုက္ခရောက်နေတဲ့ လူကို
ဘယ်လို ကယ်ရမလဲ။
ဘယ်လို အားပေး ရမလဲ။
မဖြစ်သင့်တာ ဖြစ်နေတဲ့ ပုဂ္ဂိုလ်ကို
ဘယ်လို ကူညီ ရ မလဲ။

စားသောက်စရာ ချို့တဲ့နေတဲ့
လိုအပ်နေတဲ့ ပုဂ္ဂိုလိတွေကို
ဘယ်လိုမျှဝေပြီး ခံစား ရမလဲဆိုတဲ့
ကောင်းတဲ့ အတွေးမျိုးတွေ
တွေးတယ်။
ဒါ ကရုဏာနဲ့ တွေးတဲ့အတွေးပဲ။

မေတ္တာဖြင့် ပြန်လည်ကူးယူ မျှဝေ
ဓမ္မဒါနပြုပါသည်။
မှားယွင်းမှုများရှိသော် အစဉ်သနားသော
အားဖြင့် သည်းခံခွင့်လွှတ်ပေးရန် ဦးခိုက်
လျှောက်ထားပါသည်
ဆရာတော်အရှင်သူမြတ်များ ဘုရား...

မေတ္တာနဲ့ တွေးတဲ့အတွေး | Ecency