Notic for V-Day

Words
194
Reading
1 min
9y
Listen to this post
~1 min

ညီမလေး …….


ခဏတာ သာယာမှု အတွက် တစ်ဘဝစာ ထိမ်းသိမ်း လာတဲ့ အပျိုစင် ဘဝကို ချောကလက်နဲ့ လဲမစား လိုက်နဲ့နော် ။

အပျိုစင် ဆိုတာ အလွယ်တကူ တိုင်းတာလို့ ရတဲ့ ကိရိယာ မရှိဘူး ဆိုပေမယ့် တစ်ဘဝစာ တော့ လိပ်ပြာလုံ မှာ မဟုတ်ပါ။

အနောက်တိုင်း ယဉ်ကျေးမှု ကို အားကျမိ ရင်တော့ အနောက်တိုင်း လို ကိုတို့ နိုင်ငံက လက်မခံ တတ်ကြ ဘူးလေ။

လူ့ သဘာဝက အသစ်အသစ် တွေကိုပဲ စိတ်ဝင်စား တတ်ပီး ဟောင်းနွမ်း ရိုးအီ သွားရင်တော့ ချောင်ထိုးသွား တတ်တယ်။

မျက်နှာသုတ်ပုဝါ တစ်ထည်ကို ဘယ်သူကမှ မီးဖိုချောင်မှာ လက်နှီးစုတ် အဖြစ် မသုံးကြ သလို လက်နှီးစုတ် ကိုလည်း မျက်နှာသုတ်ပုဝါ နေရာမှာ မသုံးကြ ပါဘူး။

ပတ္တမြား ကျောက်စီဓါး လို ဧည့်ခန်းမှာ တင့်တယ် ချင်ရင် ရှိသင့်တဲ့ တန်ဖိုးတော့ ရှိနေမှ တင့်တယ် မှာပါ ။

ညစ်ပေ နေတဲ့ အဝတ်အစားကို လျှော်ဖွပ်လို့ ရပေမယ့် ညစ်ပတ် သွားတဲ့ ဂုဏ်သိက္ခာ ကတော့ အလွယ်တကူ လျှော်ဖွပ်လို့ မရတဲ့ အပြင် မျိုးဆက်သစ် တွေ ကိုပါ အရောင် စွန်းထင်း သွားစေ နိုင်တယ်။

မသေချာတဲ့ ကံတရားကို ယုံကြည်ပီး ချစ်တဲ့ သူကို ဖြည့်ဆည်း ပေးချင်တဲ့ ဆန္ဒ တစ်ခုကြောင့် လက်နှီးစုတ် ဘဝကို ရောက်သွား နိုင်ပါတယ်။

အိုင်ထဲက ရေကို သောက်ရေ အဖြစ် မသုံးကြ သလို သောက်သုံးရေ ကိုလည်း ခြေ မဆေးတတ် ကြပါဘူး။

ကတိ တစ်ခုကို လွယ်လွယ် ပေးပီး အသွေး အသားကို စတေး ခိုင်းရင် လှည့်ပြန်ခဲ့ ပါ ညီမလေး.. အသည်း ကွဲလို့ ဘဝ မသေပါဘူး.. အရှက် ကွဲရင်သာ အသက်ပါ သေသွားနိုင် ပါတယ်။

အသွေးအသားကို ရင်းမှ မေတ္တာစစ် ရမယ် ဆိုရင် မေတ္တာစစ် ရ မရတော့ မသေချာ ပါဘူး ။ သေချာတာ ကတော့ အရှက်နဲ့ ဂုဏ်သိက္ခာ ပွန်းပဲ့ ကုန်မှာပါ ။

မိန်းကလေး တစ်ယောက်ရဲ့ ဘဝက ဘယ်လောက်ပဲ ပညာတွေ တတ်တတ် ငွေဘယ်လောက်ပဲ ချမ်းသာပါစေ.. ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် မထိမ်းသိမ်း နိုင်ရင် မတင့်တယ်နိုင် ပါဘူး။

ကိုယ့်တန်ဖိုးကို ဆင်ခြင်တုံ တရား လေးနဲ့ ထိမ်းပီး မေတ္တာစစ်ကို ဂုဏ်သိက္ခာ ရှိရှိ ပြသနိုင်မှ ပတ္တမြား ကျောက်စီဓါးလို ညီမလေး ဘဝ ဧည့်ခန်းမှာ တင့်တယ် ပါလိမ့်မယ်။

မေတ္တာဖြင့် အကြံပေးခြင်း ပါ…

💗💗💗
image
Writet by@onlinehunter

Notic for V-Day | Ecency