#Engineering_နှင့်_Calculus_1 …………………………………………………………

onemm(42)
Published in
#steemit
Words
820
Reading
4 min
Listen
Play
9y

TU မှာ သင်္ချာဘာလို့သင်ရလဲ ။ ရှိတ်လိုက် Integrate လုပ်လိုက်ချည်း သင်နေရတာ ဘာတွေအသုံးဝင်လဲ မေးကြသော ချစ်တပည့်များ ဖတ်ကြည့်ကြပါရန်။

#Engineering_နှင့်_Calculus_1
…………………………………………………………

image

       Engineering တက္ကသိုလ် တစ်ခုခုတွင်တက်ရောက်နေသော ကျောင်းသူကျောင်းသားများ နှင့် BE,ME စသည်ဖြင့် Degree တစ်ခုခုနှင့် ကျောင်းပြီးကာစ Engineer တက်သစ်စများအပြင် ၊ Engineering ပညာရပ်ကို ထဲထဲဝင်ဝင်လေ့လာချင်စိတ်ရှိသော Engineer များအတွက်ပါ ရည်ရွယ်၍ ရေးပါသည် ။
        ကျောင်းတွင်သင်ကြားခဲ့ရသော သင်္ချာံပညာရပ်တွင် ဘာ့ကြောင့် ထိုကဲ့သို့သော သင်ခန်းစာများကို သင်ကြားခဲ့ရသလဲဆိုသော concept များအားနည်းခဲ့ကြသဖြင့် ကျွန်တော်တို့ ရဲ့ သင်္ချာံပညာရပ် အသိသညာတွေဟာ Engineering နှင့် ဘာမျှမဆိုင် သပ်သပ်စီဖြစ်နေခဲ့သည် ။ ကိန်းဂဏန်း ပေါင်း ၊ နှုတ် ၊ မြှောက် ၊ စား နှင့် သာမန် ၂ထပ်ကိန်းရင်း စသည်တို့လောက်သာ လက်တွေ့ ဘ၀တွင် အသုံးချနိုင်ခဲ့သည် ။

image

Engineering ကျောင်းသားအနေဖြင့်လည်း Differentiate လုပ်သည် ဘာ့ကြောင့် Integrate လုပ်ကြသည်ကို ယနေ့  အထိ Engineer များတွင် မသိသူ 99% ရှိသည် ။ Mathematics တွင် အသိသညာနည်းလွန်းခဲ့သောကြောင့် Mathematic နှင့် Physic တို့ ဖြင့်တည်ဆောက်ထားသော Engineering ပညာရပ်များတွင် မြန်မာအင်ဂျင်နီယာ တော်တော်များများ အမည်ခံဘွဲ့ ဖြင့် Engineering ဆိုတာဘာမှန်းမသိပဲ လမ်းဆုံးခဲ့ကြသည် ။ ထို့ ကြောင့် Engineering ပညာရပ်တွင် မပါမဖြစ်သော Calculus အကြောင်း အသိသညာအနေဖြင့် လေ့လာမိသလောက် မျှဝေလိုက်ပါသည် ။

 Engineering လောကတွင် Calculus သည် Engineering ကျောင်းသားအနေနှင့်ရော Engineer တစ်ယောက်အတွက်ပါ ရင်းနှီးနေသော သင်္ချာပညာရပ်တစ်ခုဖြစ်သည် ။ f(x) တွေကိုမြင်မကောင်းအောင်ပင် BE တန်းရောက်သည်အထိ ME တန်းရောက်သည်အထိ လေ့လာကြရသည် ။ Calculator တွင် Differentiate တွေ Integrate ကို f(x) များစွာတွင်သုံး၍ အဖြေရှာခဲ့ကြရသည်မှာ Engineering ကျောင်းတက်ဖူးသူ ကျောင်းသားတိုင်း အခန်းထဲရှိ အဆင့် ၁ ကျောင်းသား မှစ၍ နောက်ဆုံးအဆင့် ကျောင်းသားအထိ ငြင်းမရနိုင်သော ကိစ္စတစ်ရပ်ဖြစ်သည် ။ သို့ပေမယ့် ဘာ့ကြောင့် Differentiate တွေ integrate တွေ Function တွေ Parabolic တွေ ဘာ့ကြောင့်သုံးရမှန်းမသိ ၊ ဘာအတွက်သုံးရမှန်းလဲ မသိ ၊ ဘာ့ကြောင့် ဖြစ်ပေါ်လာမှန်းလဲမသိခဲ့ ။ ထို့ ကြောင့်ပင် သင်္ချာံနည်းတွေဖြင့် အခြေခံတည်ဆောက်ထားသော Engineering ပညာရပ် ကျွပ်န်ုပ်တို့ ဘာမျှမသိခဲ့ခြင်းဖြစ်သည် ။ International Company များအလယ်တွင် Engineer တစ်ယောက်အနေဖြင့် ကိုယ်ယူခဲ့သော degree ပေါ်တွင် Professional အဖြစ်ရပ်တည်ချင်လာသောအခါမှ ထဲထဲဝင်ဝင်လေ့လာဖြစ်သောအခါ Engineering ၏ အနှစ်ဖြစ်သော သီအိုရီများတွင် ဒုက္ခတွေ့ ရတော့သည်။ ၄င်းဒုက္ခသည် သီအိုရီ တော်တော်များများတွင် Calculus များပါဝင်နေခြင်းနှင့် ဘာ့ကြောင့် ဒါတွေသုံးနေရသလဲဆိုတာကို မသိချင်းပင်ဖြစ်တော့သည် ။

image

What is Calculus ?

               Calculus သည် ပြောင်းလဲခြင်းကို လေ့လာခြင်းပင်ဖြစ်သည် ။Calculus သည် ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာမြေကြီး၏ ပြောင်းလဲမှုများကို ခွဲခြမ်းစိတ်ဖြာရန် ကူညီပေးသည့်အတွက် အရေးကြီးပါသည်။  Calculus ကို ကမ္ဘာ့ဆွဲအား ၊ လက်နက်များ ၊ လေထဲတွင်ပျံသန်းခြင်းဆိုင်ရာများ ၊ ကမ္ဘာ့လေထု ရွေ့လျားခြင်းများ ၊ အသံ ၊ အလင်း ၊ လျှပ်စစ်ဆိုင်ရာများ ၊ သံလိုက် ၊ လူဦးရေ တိုးပွားလာမှူ ၊ ရင်းမြစ် ခွဲဝေမှူများ နှင့် ဈေးနှုန်း လျော့ချမှူများ စသည်တို့ကို လေ့လာရာတွင် သုံးလေ့ရှိသည် ။ ၁၇ ရာစု နောက်ပိုင်းမှ ခောတ်မှီ လာသောအချိန်များအထိ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဖွံ့ ဖြိုးမှူများကို Calculus နှင့် ဆက်နွယ်ထားသည်။
                 Isaac Newton နဲ့ Gottfried Wilhelm Leibniz တို့သည် calculus ကို တည်ထွင်ခဲ့ကြသည်။သူတို့၏ စိတ်ကူးစိတ်သန်းတွေကို အစောပိုင်း လေ့လာမှူများဖြစ်ကြတဲ့ ရွေ့ လျားခြင်း နှင့် ဧရိယာများ ပေါ်တွင် တည်ဆောက်ခဲ့ကြသည် ။ 

Calculus သည် အရာဝတ္ထုများ ပြောင်းလဲခြင်းနှင့် ၄င်းတို့ပြောင်းလဲသောနှုန်း ကိုလေ့လာခြင်းဖြစ်သောကြောင့် ၊ ကျွန်ုပ်တို့သည် နှုန်းများနှင့် ၄င်းနှင့် နီးကပ်စပ်ဆက်နေသော အချိုးများ ( Ratios ) နှင့် တူညီသော တြိဂံများ ( Similar Triangles ) များအကြောင်းကို ပြန်လည်ဆန်းစစ်ကြမည် ။ Parabola သည် Calculus ကိုတီထွင်ရခြင်း၏ အကြောင်းရင်းခံဖြစ်သော မေးခွန်း တစ်ရပ်တွင်ပါဝင်သောကြောင့် ကျွှန်ူပ်တို့  parabola မျဉ်းကွေးများကိုလည်း ပြန်လည်ဆန်းစစ်ကြမည်။ Calculus ၏ ပင်မ အသိသညာများတွင် secant lines များနှင့် ၄င်းတို့ ၏ Slopes များနှင့် functional notation အသုံးပြုမှူများပါဝင်သောကြောင့် ထိုခေါင်းစဉ်များကိုလဲ လေ့လာခဲ့ကြသည် ။ ၁၀ တန်း သင်္ချာ အခန်း(၁) မှစ၍ Function f(x) များကို လေ့လာခဲ့ကြသည် ။ Parabola မျဉ်းကွေးများကို လေ့လာခဲ့ကြသည် ။ အချိုးများ ၊ နှုန်းများ စသည်တို့ ကို ၅ တန်းသင်္ချာမှစ၍ သင်ယူခဲ့ကြရသည် ။
အချိုး တစ်ခု ( Ratio ) ဆိုသည်မှာ ပမာဏ ၂ ခုကို နှိုင်းယှဉ်မှူတစ်ခု ဖြစ်သည်။များသောအားဖြင့် အပိုင်းကိန်းဖြင့် ပြလေ့ရှိသည် ။ အပိုင်းကိန်းကို rational number ဟုခေါ်လေ့ရှိသည် ။ rational ၏ အဓိပ္ပါယ်တစ်မျိုးမှာလဲ အချိုးများဖြင့် ပြုလုပ်နေရခြင်း ဟူ၍ဖြစ်သည် ။ ကောလိပ်တစ်ခုတွင် ကျား၂ အချိုး မ၃ ရှိရမယ် ဆိုရာတွင် အားလုံးပေါင်း ၅၀၀၀ ရှိလျှင် ကျား ၂၀၀၀ မ ၃၀၀၀ ရှိရမည်ဖြစ်သည် ။ထိုမှသာ 2/3 အချိုးဖြစ်မည်။ ၄င်းသည် အချိုးကျခြင်း ဥပမာတစ်ခုဖြစ်သည့်အပြင် အချိုး ၂ ခု၏ တူညီခြင်းသဘောဖြစ်သည် ။
နှုန်း တစ်ခု ( Rate ) သည် အတိုင်းအတာ ပုံစံ တစ်ခုအနေဖြင့် သုံးသော အချိုးတစ်ခုဖြစ်သည် ။လူုတစ်ယောက် ၁နာရီအကြာတွင် ၄၅ မိုင်ခရီးကားမောင်းလျှင် အကွာအဝေးနှင့် ကြာချိန် အချိုးတို့ သည် distance/time = ( 45 miles)/ ( 1 hour ) = 45 miles per hour ဖြစ်သည်။၎င်းသည် ယာဉ်မောင်း၏ ပျမ်းမျှ အလျှင် သို့မဟုတ် ပျမ်းမျှနှုန်း ( Average Rate ) ဖြစ်သည်။
၎င်းသဘောများကိုကျွန်တော်တို့  state ကျောင်းတွင်ကတည်းက နောကျေအောင်သင်ခဲ့ ကြရသည်။ Calculus သည်၎င်းတို့ နှင့် ဆက်နွယ်နေပေသည် ။
Trigonometry သည်လည်း Calculus တွင်အရေးပါသော အခန်းတစ်ခုဖြစ်သည် ။ တြိဂံပေါင်းများစွာကို ရေးဆွဲ၍ ထောင့်များ အနားများ စသည်တို့ကို sine ၊ cos စသည်ဖြင့် တွက်ခဲ့ကြရသည် ။ အမြည်းအနေဖြင့်
Similar Triangles ( တူညီသော တြိဂံများ )
တြိဂံတစ်ခုကို အကြီးချဲ့လျင် အရွယ်အစားသည် ပိုမိုကြီးလာသော်လည်း ထောင့်များသည် ပိုမိုကြီးမလာပေ . ၄၅ံ ၄၅ံ ၉၀ံ ရှိသော တြိဂံ တစ်ခု၏ အနားများကို ၂ဆ တိုးလိုက်သော်လည်း ထောင့်များသည် မပြောင်းပေ ၄၅ံ ၄၅ံ ၉၀ အတိုင်းသာရှိမည် ။ ထိုတြိဂံ ၂ ခုကို တူညီသော တြိဂံများဟုခေါ်သည် ။ပုံစံတူသည် ၊ ထောင့်တူသည် ၊ အနားအရွယ်အစားကွဲသည် ။
တူညီသော တြိဂံ၂ခု၏ တူညီသော အနားအချိုးများ အားလုံးသည် အမြဲ တူညီကြသည် ။

Similar Triangles and the Great Pyramid ( တူညီသော တြိဂံများ နှင့် မဟာ ပိရမစ် )

တူညီသော တြိဂံများ၏ တူညီသော အနားများ အချိုးတို့ သည် အစဉ်အမြဲ တူညီနေသည်ဆိုသော အချက်ကို B.C 600 ပတ်ဝန်းကျင်တွင် ဂရိ သင်္ချံပညာရှင် Thales က ပထမဦးဆုံး ထင်ရှားစေခဲ့သည် ။သူသည် ထိုအချက်ကို Cheops ၏ မဟာပိရမစ်ကြီး၏ အမြင့်ကို တိုင်းတာရာတွင် အသုံးပြုခဲ့သည် ။တိုင်တစ်ချောင်းကို ပိရမစ်ကြီး၏ ညာဖက် မြေပြင်ပေါ်တွင် ကျနေသော ပိရမစ်၏အရိပ် ထိပ်တွင်ဖျားနေရာတွင် ထိုးစိုက်ခဲ့သည် ။၎င်းသည် တူညီသော တြိဂံ၂ခုကို ဖန်တီးစေသည် ။တစ်ခုသည် ပိရမစ်နှင့် ၄င်း၏အရိပ်မှဖြစ်ပြီး ၊ ကျန်တစ်ခုသည် တိုင်နှင့် တိုင်၏အရိပ်ကြောင့်ဖြစ်သည် ။ကျွန်ုပ်တို့ ပိရမစ်၏ အမြင့်ကို H ( Height ) , အခြေကို b ( Base ) , အရိပ်၏အလျား ကို S အဖြစ်ယူဆကြမည် ။
၎င်းနည်းဖြင့် Thales သည် မဟာပိရမစ်ကြီး၏ အမြင့်ကိုတွက်ထုတ်နိုင်ခဲ့သည် ။

Calculus တွင်အရေးပါသော parabola အကြောင်းအနည်းငယ်ကို လေ့လာကြည့်ကြမည် ။
Parabolas ( ပါရာဘိုလာ မျဉ်းကွေးများ )

Parabola သည်အမြဲတမ်း မျဉ်းကွေးပုံစံရှိသည် ။Parabola တစ်ခုသည် ကျဉ်းသောမျဉ်းကွေးသော်၎င်း ၊ ကျယ်သောမျဉ်းကွေးသော်၎င်း ၊ မျဉ်းကွေး၏ ထိပ်ဖက်သည် အပေါ်တွင်သော်၎င်း ၊ အောက်တွင်သော်၎င်း ရှိနိုင်သော်လည်း ပါရာဘိုလာမျဉ်းကွေးများသည် အမြဲတူညီသော ပုံစံများရှိကြသည် ။
Parabola ပုံသဏ္ဏန် တစ်ခု၏အရေးကြီးသော အခန်းတစ်ခုမှာ ၄င်းသည် ခေါက်ချိုးညီခြင်း ( Symmetrical )ပင်ဖြစ်သည်။ မျဉ်း၏ တဖက်ခြမ်း သည် တခြားတစ်ဖက်၏ မှန်တွင်ပေါ်နေသော အရိပ်ဖြစ်စေရန် မှန်တစ်ချက်ကို ထားသကဲ့သို့ မျဉ်းလိုင်းတစ်ခု ရှိသည် ။ ၄င်းမျဉ်းကို ခေါက်ချိုးညီမျဉ်း ( Line of Symmetry) ဟုခေါ်သည်။ Parabola ကို ခေါက်ချိုးညီမျဉ်း ကန့် လန့်ဖြတ်သော အမှတ်ကို vertex ဟုခေါ်သည်။
Parabola တစ်ခု၏ Equation တစ်ခုတွင် ဆခွဲကိန်း ဖော်ပြချက် ( quadratic expression ) အမြဲပါဝင်သည် ။ပုံမှန်အတိုင်းဆိုလျှင် ၄င်းသည် y=ax2+bx+c သို့ မဟုတ် x=ay2 + by + c တစ်ခုမဟုတ်တစ်ခုဖြစ်သည်။ vertex အမှတ်ပါဝင်သော အမှတ်များကို ရှာပြီး ကျွန်ုပ်တို့  point များကို ပုံစံချခြင်းဖြင့် parabola ဂရပ်တစ်ခုကို ဆွဲသားနိုင်သည် ။

Secant Lines and Their Slopes ( မျဉ်းကွေးကို ဖြတ်သော မျဉ်းများနှင့် ၄င်းတို့ ၏ စလုပ်များ )
Slope ဆိုသည်မှာ y၏ပြောင်းလဲခြင်းနှင့် x၏ ပြောင်းလဲခြင်း အချိုးပင်ဖြစ်သည် ။
Secant ဆိုသည်မှာမျဉ်းကွေးပေါ်တွင် အနည်းဆုံး ကန့်လန့် ဖြတ်အမှတ်၂ခု ရှိသော မျဉ်းကိုခေါ်သည် ။
Functions ( အခြားတန်ဖိုး အပြောင်းအလဲပေါ်မူတည်နေသော ပမာဏများ )
X မှ Y သို့ သွားသော function တစ်ခုသည် y ၏တန်ဖိုးတစ်ခုကို x ၏တန်ဖိုးတစ်ခုချင်းစီသို့  ဆက်ဆက်နေသော စည်းမျဉ်းတစ်ခုဖြစ်သည် ။equation Y=3x-5 သည် function တစ်ခုဖြစ်သည် ။အဘယ့်ကြောင့်ဆိုသော် Y ၏ တန်ဖိုးတစ်ခုသည် x ၏တန်ဖိုး တစ်ခုချင်းစီပေါ်တွင် ဆက်နွယ်နေသောကြာင့် ဖြစ်သည်။ equation တစ်ခုသည် function တစ်ခုဖြစ်သောအခါ ၄င်းကို functional notation ဖြင့် ပြန်ရေးနိုင်သည်။ Functional notation တွင် functionကိုပေးထားသော နာမည်တစ်ခုပါဝင်သည်။ များသောအားဖြင့် စံအနေဖြင့် f နှင့် f နှင့် အနီးတစ်ဝိုက် မှ စာလုံးများကိုသုံးသည် ။ဥပမာအားဖြင့် y=3x-5 အစား f(x)=3x-5 ဟုရေးသည် ။

ဆက်ရန်#

Image credit google
onemm@onemm

#Engineering_နှင့်_Calculus_1 ………………………………………………………… | Ecency