“Reviewing Myself”(01)

Words
375
Reading
2 min
Listen
Play
9y

IMG_20171211_182328.jpg

“မိမိကိုယ်ကိုREVIEW ပြန်ကြည်ြ့ခင်း(01)”

တွေးစရာတွေကများ။ စာရေးမယ်ဆိုပီး အရင်က တွေးထားတာလေးတွေ ပြန်စဉ်းစားမိတယ်။ ရောက်တတ်ရာရာတွေးရင်းနဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်လေး တွေလဲ ထပ်ကုန်ပီဆိုတော့ အခုတစ်လော funny ဟာသလေးတွေရေးဖြစ် နေမိတယ်။ ရသပိုင်းကို ဦးစားပေးရေးတတ်သူဆိုတော့ ဟာသလေးတွေရေးရာမှာ အားနည်း နေသေးတာကို ကိုယ်တင်လိုက်တဲ့ ပိုစ်လေးတွေပြန်ဖတ်ပီး သတိထားမိလာပါတယ်။
သို့ပေမယ့်လည်း စာမရေးရ၊ ပိုစ်မတင်ရရင် မနေတတ်မထိုင်တတ်ဖြစ် နေပြန်တော့ တွေးမိတွေးရာ၊ ရေးမိရေးရာ ရေးတော့တာပေါ့ဗျာ။

ဒါ့ကြောင့်လဲ မူလ မိမိအားသန်ရာ ဘ၀သရုပ်ဖော်လေးတွေ ပြန်ရေးဦးမှ ဆိုပီး ဟိုအရင်က ခံစားမိတာလေးတွေ၊ လမ်းသွားရင်း၊ ထမင်းစားရင်း၊ လက်ဖက်ရည် ဆိုင်ထိုင်ရင်း၊ တီဗီကြည့်ရင်း၊ ထိုသို့ ရောက်လေရာအရပ်မှာ စိတ်အစဉ်အတွေး များက ဘယ်စာကို ဘယ်လိုခံစားတင်ပြ ရေးဖွဲ့ရကောင်းမလဲပေါ့လေ။

IMG01.jpg

ထိုသို့ တွေးရေးနေခြင်းဖြင့် ခရီးအတော်ပေါက်ခဲ့လေသည်။ သို့သော် လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်က ကျွန်တော်များ MSC Leader မန္တလေးသို့ ရောက်ရှိလာစဉ် MSC Admin များလည်း တွေ့ဆုံအစည်းဝေးလုပ်ကြမည်၊ တလက်စ တည်း MSC အလှူတစ်ခုအား ဖြစ်မြောက်အောင် ဆောင်ရွက်ကြမည်ဆိုကာ အစီအစဉ်များဆွဲကာ အင်တိုက်အားတိုက် ဆောင်ရွက်ကြ၊ ကြိုးစားလုပ်ဆောင်ကြ ပါသည်။ သို့အတွက် စာရေးကောင်းနေသော အရှိန်လေး အနည်းငယ်ပျက်ခဲ့ရပါ၏။

စာရေးခြင်း ပျက်ခဲ့ရသည်မှန်သော်လည်း MSC၏ ရှေ့ရေးအနာဂါတ်များ၊ဆက်လက် ဆောင်ရွက်ရန်များ၊ ရည်မှန်းချက်များကို Leader ကိုဟင်နရီအောင်နှင့် တွေ့ဆုံဆွေးနွေးပြီးသည့်နောက်တွင် MSC PLAN များစွာဖြင့် ရှေ့အနာဂါတ်ခရီးကို မြင်တွေ့ရသည့်အခါ အပျော်များနှင့် စိတ်ချမ်းသာနေမိသည်။

IMG02.jpg

ထိုသို့ တွေ့ဆုံပြီး အစီအစဉ်များ အောင်မြင်စွာ ဆောင်ရွက်ပီးနောက် စာရေးခြင်းအား ဆက်လက် အရှိန်တင်ရပြန်၏။ စိတ်ကူးဖြင့် အပျော်များနှင့် ပြည့်နေသော ကျွန်တော်၏ အတွေးစဉ်များဝယ် ပျော်စရာများကိုသာ တွေးမိလေ သဖြင့် ဟာသစာပေများကို တစ်တို့၊ နှစ်တို့ ရေးတို့မိလေသည်။ သို့နှင့် အားပေး ဖတ်ရှုလာသူများကိုလည်း ငြီးငွေ့ခြင်း မဖြစ်စေသောငှာ အချစ်နှင့် ဘ၀သရုပ်ဖော် ရသစာပေလေးများပါ ကြားဖြတ်ရေးသားတင်ရပြန်သည်။

အချစ်နှင့် သရုပ်ဖော် ရေးသားပြီးပြန်သော်လည်း ဒီအတိုင်းတင်နေလျင် စာဖတ်သူများ ပျင်းရိသွားမည်စိုးရိမ်ပြန်သည်။ သို့နှင့် အတွေးကဗျာလေးများကို အလျဉ်းသင့်သလို တင်ပေးရပြန်သည်။ အချစ်အကြောင်း၊ ဘ၀အကြောင်း၊ တိရိစ္ဆာန်လေးများအကြောင်း ကဗျာအတော်များများ ရေးဖြစ်တင်ဖြစ်ပြန်၏။ ဤတွင် ကျနော် ကဗျာရေးသည်ကို အနည်းငယ် ပြန်လည်ဝေဖန်ကြည့်မိသော် အတွေးကဗျာ ဆိုသည့်အတိုင်း အတွေးများကို ပြန်လည်အသက်သွင်းထားသော ကျနော်၏ အတွေးသက်သက် ကဗျာများသာဖြစ်နေပါသည်။ သို့အတွက် တစ်ခြို့သော ကဗျာများမှာ ကာရန်မကိုက်၊ ကဗျာစည်းမျဉ်းနှင့် မကိုက်သည်များ ထင်ထင်ရှားရှား တွေ့ရပေမည်။ ထိုသို့ အားနည်းချက်များ ရှိနေသေးသည်ကို ကျနော်ဝန်ခံပါ၏၊ ကျနော်၏ကဗျာများမှာ ကာရန်မကိုက်၊ စည်းမကိုက်၊ မော်ဒန်ဆန်သော အတွေးကဗျာများသာဖြစ်သည်ဟု ၀န်ခံမှုပြုပါသည်။

ကျနော်၏ ရေးခြဲ့ပီးလေသော စာပေများအား ပြန်လည်ဆန်းစစ်ခြင်း ကြည့်မည်ဆိုလျင် ** A story of a Cheater ** ဆိုသည့် ပိုစ်တွင် မိတ်ဆွေလူလိမ် တစ်ယောက်အကြောင်းကို ရင်ဖွင့်ထားသော စည်းပွားရေးလုပ်ငန်းရှင်တစ်ယောက် အကြောင်း ရေးထားခြင်းဖြစ်သည်။ ထိုပိုစ်တွင် လူလိမ်သည် မိမိမိတ်ဆွေရင်း ဖြစ်နေရ၍ ရင်နာမိသော လူတစ်ယောက်၏ ခံစားမှုကို တွေ့မြင်နိုင်သလို၊ မိမိ၏ မိတ်ဆွေရင်းများကိုပင်လျှင် ပြန်လည်လိမ်လည်ကာ ငွေတစ်ခုတည်းအတွက် ဂုဏ်သိက္ခာ၊ အရှက်၊ အကြောက်တို့ ကင်းမဲ့သွားသော လူလိမ်၏ ရွံရှာဖွယ် သရုပ်သဏ္ဍာန်ကိုလည်း တွေ့မြင်ရပေမည်။ လူသားတို့၏ လောဘတရားကြီးစိုးမှု ကိုလည်း တရားအမြင်ဖြင့် မြင်နိုင်ပါသေးသည်။ IMG05.jpg

နောက်တစ်ဖန် တင်ဆက်ထားသည်က ** ကျွန်ုပ်ကွီးရွှေနှင့် ရပ်ကွက်တွင်းက နှိပ်စက်ကြသူများ ၂ ** တွင် ကျနော်ကိုယ်တိုင်၏ ရပ်ကွက်တွင်း အတွေ့အကြုံလေးများ ကို ဟာသဥာဏ်စွက်ကာ ရှုဒေါင့်တစ်မျိုးဖြင့် တင်ပြထားခြင်းဖြစ်သည်။ ထိုပိုစ်တွင် နွေရာသီမီးကင်းတဲမှ လူငယ်များသည် ဖဲဝိုင်းအားအပျော်ကစားကြရာမှ လောင်းကစား ငွေကြေးများ ပါဝင်ကစားလာကြသဖြင့် မိမိတို့၏ အဓိကတာဝန် ရည်မှန်းချက် ဖြစ်သည့် မီးဘေးကာကွယ်ခြင်း အလုပ်ကြီးအား မေ့လျော့နေကြကာ အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ကြပုံအား ရပ်ကွက်ဟာသလေးစာတစ်ပုဒ်အဖြစ် တင်ပြထားခြင်း ဖြစ်သည်။ fire 3.jpg

ဆက်လက်၍ ** တောင့်တမိသော စကားတစ်ခွန်း** (ပထမပိုင်း)နှင့် ** တောင့်တမိသော စကားတစ်ခွန်း** (သိမ်း) ဆိုသည့်ပိုစ်များတွင် ရိုးသားကြိုးစားသော လူတစ်ယောက်သည် ဇွဲလုံလ၊ ၀ီရိယဖြင့် မိသားစုတာဝန်ကို အနစ်နာခံကာ ကြိုးစားအားထုတ်ပုံ၊ ကံမျက်နှာသာပေးသည့် အချိန်တွင် အခွင့်အရေး ကို အမိအရ အသုံးချတတ်ပုံ၊ မိမိကိုယ်တိုင်ပညာမတတ်သော်လည်း ညီ၊ညီမလေးများ အား ပညာတတ်ဖြစ်စေချင်ပုံ စသည့် ဘ၀သရုပ်ဖော်လေးအား တင်ပြထားပါသည်။ မိသားစုအပေါ်ထားသော အစ်ကိုကြီးအဖအရာ သဏ္ဍာန်ကိုလည်းမြင်တွေ့ရမည် ဖြစ်သည်။ ဤပိုစ်တွင် မိသားစုစိတ်ဓါတ်၊ ဘ၀အား အရှုံးမပေး အဆင့်ဆင့်ကြိုးစား သွားပုံ၊ အခွင့်အရေးနှင့် အသုံးချပုံ စသည့် စိတ်ဓါတ်ခွန်အား ပေးသော ရသစာပေ တစ်ပုဒ်ဖြစ်ပါသည်။
bestseller.jpg

နောက်တစ်ဖန်** မေမေဆိုသည့် သားချော့တေး** ကဗျာလေးအား တင်ဆက်မိသည်။ ထိုကဗျာလေးသည် ကျနော်၏ အလုပ်သွားအလုပ်ပြန် လမ်းမထက် တွင် ကြုံဆုံမိသော သားအမိနှစ်ယောက် မြင်ကွင်းလေးအား ပြန်လည်ခံစား အသက်သွင်းထားခြင်းဖြစ်သည်။ မိခင်မေတ္တာနှင့် ကလေးချော့တေးလေးအား စပ်ဆိုထားခြင်းဖြစ်သည်။ ဖတ်မိသူတိုင်း မိမိတို့၏ ငယ်စဉ်ဘ၀တွင် မေမေက သားချော့တေးလေးဖြင့် ချော့သိပ်ခဲ့သည်ကို ပြန်လည်အမှတ်ရစေနိုင်သော မိခင်မေတ္တာကို တမ်းတအမှတ်ရ ပေါ်လွင်စေသော ကဗျာလေးဖြစ်ပါသည်။
IMG04

ဆက်လက်၍ ကျွန်တော်၏ မိမိကိုယ်ကို ဆန်းစစ်ခြင်း review များကို တင်ပြသွားပါမည်။ မဖတ်ဖြစ်မရောက်ဖြစ်သူများလည်း ဤပိုစ်လေးမှပင် အထက်ပါ လင့်များအားနှိပ်၍ နှစ်သက်ရာပိုစ်များကို ဖတ်ရှုအားပေးနိုင်ပါကြောင်း ပြောကြားရင်း ဤနေရာတွင် တစ်ခန်းရပ်ခွင့်ပြုပေးပါရန် လေးစားစွာဖြင့်ပန်ကြားအပ်ပါသည်။

မြန်မာစတီးမစ် ညီအစ်ကိုမောင်နှမများ တိုးတက်အောင်မြင်ကြပါစေ။

Steemit photos for paragraph.jpg

Writer >>>nyinyiwin@nyinyiwin(Steemit) MSC-006
Writing End Time >>> 8:30 PM (18.3.2018)
Above Article is Using Myanmar Steemit Community Images and Google Images.

#Myanmar #MyanmarSteemitCommunity #Selfreview #Writing #Esteem

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

“Reviewing Myself”(01) | Ecency