“ အချစ်တစ်ခုအကြောင်း”

Words
84
Reading
1 min
Listen
Play
8y

IMG_20171211_182328.jpg

“ အချစ်တစ်ခုအကြောင်း”

ကြင်နာသူရေ- ငါလေ
မမုန်းရက်ခဲ့ အသက်ရှင်နေနိုင်နေတာက မင်းအတွက်ပါပဲ
မစိမ်းကားရက်ခဲ့ အသည်းကိုခြွေယူပေမယ့် ခွင့်လွှတ်နေမယ့်သူ
ငါနှလုံးသား နာကျင်နေရလည်း မမုန်းနိုင်ပါဘူးလေ။

ကြင်နာသူရေ - ငါလေ
မေ့မရခဲ့ အလွမ်းဒဏ်ရာတွေက နေရာတိုင်းမှာလေ
မထူးဆန်းတော့ပေမယ့် အချစ်ဆိုတာကို သေချာမတွေးမိခဲ့ပါ
ငါ့အသဲကွဲသွားပါစေ မမေ့နိုင်ပါဘူးလေ။

နေပါစေတော့လေ သူပျော်ရာကို ထွက်သွားခဲ့လေတော့
ကြင်နာသူရေ မင်းလေးအတွက်ဆို ဖြစ်လေရာနာခံနေရင်း
ဒီနှလုံးက ခွင့်လွှတ်နေပါ့မယ်။

နေပါစေတော့လေ သူသာအဆင်ပြေတယ်ဆို ပြီးတာပဲလေ
ကြင်နာသူရေ ငါ့ဆီကို ပြန်လည်လှည့်မကြည့်တော့ပေမယ့်
ဒီရင်မှာ အပြုံးနဲ့ နှုတ်ဆက်နေခဲ့လိုက်မယ်။

ကြင်နာသူရေ - ငါလေ
မင်းပျော်ရာကိုထွက်သွား၊ မင်းပျော်နေသလိုနေ ငါ့ကိုမေ့သွားပါစေ

ကြင်နာသူရေ ဒီနှလုံးသားက မင်းလေးအတွက်ဆို ကြွေချင်ကြွေပါစေတော့ကွယ်။
အစွန့်လွှတ်ခံချစ်ခဲ့တယ်။

ကြင်နာသူရေ - ငါလေ
စွန့်လွှတ်ရင်းနဲ့ အဝေးကနေ ချစ်နေတော့မယ်။

ဈာန် ( မုံရွာ )

ဈာန်(မုံရွာ)သည် ကျနော်၏ ကဗျာရေးသော အမည်ဖြစ်သည်။

img.jpeg
Credit Image Source

steemit last photo.jpg

Writer >>>nyinyiwin@nyinyiwin(Steemit) MSC-006

Writing End Time >>>10:10 PM (4.5.2018)

#Myanmar #Poem #Love #Life #Esteem

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

“ အချစ်တစ်ခုအကြောင်း” | Ecency