အတွေးကဗျာများ ၃

Words
58
Reading
1 min
Listen
Play
9y

image

အိမ်မက်များနှင့်ကခုန်ခြင်း

အဆိပ်​တက်​​နေတဲ့ မျက်​နာအချို့ဟာ
တိတ်​တဆိတ်​ ​ပေါက်​ကွဲ ​နေဆဲ မီး​တောင်​တခုလို အတ္တ​တွေကို ဝါးမျို​နေကြ ။

အတိတ်​က အရိပ်​​တွေကိုပြာချ
မိုးထိတိုက်​​ပေါ်က သူ​ဌေးဆိုသူများဟာ
အများသူငါ အိပ်​စက်​ချိန်​​တွေကိုခိုးယူ​နေကြ​လေရဲ့။

မှုန်ဝါးဝါး ကြေးမုံပြင်တချပ်နဲ့အတူ
ငါ့ကံကြမ္မာ ပန်းပွင့်လေးတွေကို
တစ်စစီ ဖဲ့ခြွေခံရင်း
ငါ့ မာနကိုငါ ထုဆစ်ပုံဖော်ခဲ့။

မီးခိုးခေါင်းတိုင်ထဲ ခုန်ချနေကြတဲ့လူတွေကတော့
ငါ့ကိုကြည့်ရင်း
ဟားတိုက် ရယ်မောနေကြလေရဲ့။

အိပ်မက်တွေသာ လမ်းလျောက်နိုင်ခဲ့ရင်
ငါတို့အားလုံးအိမ်မက်တေနဲ့အတူ
ကခုန်နေကြမာပဲလေ ။ ။

ဈာန် ( မုံရွာ )

ကလောင်အမည် ဈာန်( မုံရွာ)သည်
ကျနော်၏ ကဗျာရေးသော ကလောင်အမည်ဖြစ်ပါသည်။

Steemit photos for paragraph.jpg

Writer >>>nyinyiwin@nyinyiwin(Steemit) MSC006
Writing End Time >>> 9:00 PM (23.1.2018)

#Poem #Mordern

image

image

image