ဘာလီကျွန်းက မျောက်များ

Words
70
Reading
1 min
Listen
Play
8y

image

ဘာလီကျွန်းက မျောက်များ

ကြားဖူးတာလေး တစ်ခုပါ။
ဘာလီကျွန်းက မုဆိုးတွေဟာ မျောက်ကို ဘယ်လိုဖမ်းတယ်ထင်သလဲ။ အုန်းသီးကို အပေါ်ယံက ရှပ်ဖောက်လိုက်တယ်။ ပြီးတော့ အရည်တွေကို သွန်ပြီး အထဲမှာ ထန်းလျက်ခဲတွေ ထည့်ထားလိုက်တယ်။ အုန်းသီးတွေ့တော့ မျောက်က လှည့်ပတ်ကြည့်တယ်။ အထဲက ထန်းလျက်ခဲကိုတွေ့တော့ လက်နဲ့နှိုက်တယ်။ ထန်းလျက်တွေ့တော့ ဆုပ်ပြီးဆွဲထုတ်တယ်။

image

အပေါက်က မျောက်လက်တစ်နှိုက်စာပဲဆိုတော့ လက်ကိုဆုပ်ထားရင် ပြန်ထုတ်လို့မရဘူး။

ဒီမှာတင်မရပ်သေးပါဘူး။ နောက်ထပ်တစ်လုံးတွေ့တော့ ကျန်တဲ့ လက်နဲ့ ထပ်နှိုက်ပြန်ရော။ ဒီလက်လဲထုတ်လို့ မရပြန်ဘူး။ လူက မျောက်ကိုလိုက်ဖမ်းတော့ သစ်ပင်ပေါ်တက်ပြေးချင်ပေမယ့် လက်က အုန်းသီးမှာ စွပ်နေလေတော့ တက်လို့မရဘူး။ ဒီလိုနဲ့ မုဆိုးဖမ်းတာ ခံလိုက်ရပါလေရော။

ကျွန်တော်တို့လည်း ဒီမျောက်နဲ့ သိပ်ထူးမယ်မထင်ပါဘူး။ ဆုပ်ကိုင်ထားတဲ့ အရာတွေများလိုက်တာ။

ချစ်ခြင်းမေတ္တာများ၊ သံယောဇဉ်နှောင်ကြိုးများ၊ အမုန်းတရားများ၊ အလိုရမ္မက်များ။ ဆုပ်ကိုင်လေလေ နှောင်ဖွဲ့လေလေ။ ကျွန်တော်တို့ ဆုပ်ကိုင်ထားချင်တဲ့ ဆန္ဒကြောင့် လွတ်မြောက်ဖို့ ဝေးကွာဆဲပါ။
လွတ်မြောက်ချင်ရင်တော့ ဆုပ်ထားတဲ့ လက်တွေကို အရင်ဖြေရပါလိမ့်မယ်။
💖💕👍💞

photo : facebook

image

ဘာလီကျွန်းက မျောက်များ | Ecency