အဟာရ

Words
118
Reading
1 min
Listen
Play
8y

image

အဟာရ

စာဟာ ဖတ်လို့ မကုန်ပါဘူး။
ရေဟာလည်း၊ သောက်လို့ မကုန်ဘူး။
ထမင်းကလည်း စားလို့ မကုန်ဘူး။
သို့ပေမယ့်….
နေ့တိုင်း ထမင်းစားရတယ်။ ရေသောက်ရတယ်။

စာကိုလည်း နေ့တိုင်း ဖတ်ရတယ်။

စာဆိုတာ ဖတ်လို့ မကုန်ဘူး။
တစ်နေ့ တစ်နေ့ ရေသောက်သလို စာကိုလည်း ဖတ်နေဖို့ လိုတယ်။
ရေ မသောက်ရရင် လူက သေတတ်သလို၊ စာမဖတ်ရင် သေတတ်တဲ့ လူလိုခံယူထားရမယ်။

တကယ်တော့၊ စာဖတ်တယ်ဆိုတာ နေ့စဉ် ရေသောက်နေသလို....
ကိုယ့်စိတ်ထဲမှာ ဆာလောင်နေတိုင်း ကောက်ဖတ်လိုက်။
ပြီးတော့ အာသာပြေရင် လုပ်စရာ ရှိတာ ကောက်လုပ်လိုက်...

ဦးနှောက်နဲ့ နှလုံးသားက တောင့်တလာတဲ့အခါ၊
စာကို ကောက်ဖတ်လိုက်....
တောင့်တမှု ကြီးလေလေ၊ သဲကြီးမဲကြီး ဖတ်မိလေလေ....
စာကို ဖတ်ရင်း ကိုယ်လိုချင်တာကို အငမ်းမရ ရှာတယ်....
သိချင်တာကို တစိုက်မတ်မတ် လိုက်နေတယ်...
ဖတ်နေတယ်....

image

ထမင်းစားရင် ဟင်းတစ်ခွက်တည်းနဲ့ အားမရသလို....
စာတစ်အုပ်ထဲမှာ ပါတဲ့ ရှင်းလင်းချက်နဲ့ တင် မတင်းတိမ်ဘူး....
နောက်တစ်အုပ်မှာ ဘယ်လို ပါမလဲ... သိချင်တယ်။ တတ်ချင်တယ်။
နားလည်ချင်တယ်...

အဲသည်လိုနဲ့ နောက် တစ်ခုကို ရှာတယ်။
နောက်တစ်အုပ်မှာ ရှာတယ်။
ဒီစာရေးသူက ဒီလို ဆိုရင်၊
ဟို စာရေးသူက ဟိုလို ဆိုတာကို ပိုသိချင်လာတယ်...

စာဖတ်ရင်း၊ စာရေးဆရာတွေဟာ စားဖိုမှူးတွေလို့ မြင်လာတယ်။
တစ်ယောက်နဲ့ တစ်ယောက် လက်ရာ မတူဘူး။
သူတို့ တွေရဲ့ ပြင်ဆင် ချက်ပြုတ်ပုံတွေ မတူဘူး။
တစ်ခုနဲ့ တစ်ခုဟာ ဆန်းသစ်နေတယ်....
ဒါကိုပဲ စာဖတ်သမားတွေက ....
စာကို အရသာ တစ်ခုလို တမ်းတမ်းစွဲ ငတ်မွတ်နေကြလေ့ ရှိတယ်။

||| မင်းသေ့ |||

photob: google

image

အဟာရ | Ecency