PlayerUnknown’s Battlegrounds game

nyeinchan(36)
Published in
#busy
Words
70
Reading
1 min
Listen
Play
8y

image

အဖွဲ့လိုက်ကစားရတဲ့ PUBG ဂိမ်း

ဒီတစ်ပတ်ရဲ့ Game of the week ကဏ္ဍမှာတော့ အွန်လိုင်းဂိမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဂိမ်းအမည်ကတော့ PlayerUnknown’s Battlegrounds ဖြစ်ပြီး အဖွဲ့လိုက်အွန်လိုင်းကနေ ချိတ်ဆက်ပြီး ကစားရတဲ့ဂိမ်းဖြစ်ပါတယ်။ ၃ ယောက်တစ်ဖွဲ့၊ ၅ ယောက်တစ်ဖွဲ့ စသဖြင့်စုစည်းပြီး ၂ ဖွဲ့တိုက်ခိုက်ရတဲ့ပုံစံဖြစ်ပါတယ်။

image

အဖွဲ့တွေကြား စုပေါင်းတိုက်ခိုက်ပြီး နယ်မြေသိမ်းတဲ့ဂိမ်းပုံစံဖြစ်ပါတယ်။ ဒီဂိမ်းကို PUBG Corporation က ဖန်တီးထုတ်လုပ်တာဖြစ်ပြီး Microsoft Windows၊ Xbox One၊ Android၊ iOS စတဲ့ platform တွေမှာ ကစားနိုင်ပါတယ်။ multiplayer အနေနဲ့ ကစားနိုင်တဲ့ဂိမ်းပုံစံဖြစ်ပြီး စုစည်းမှု၊ အသင်းအဖွဲ့နဲ့ လုပ်ဆောင်နိုင်မှုစတဲ့ အလေ့အကျင့်တွေပေးနိုင်မယ့်ဂိမ်းလည်းဖြစ်ပါတယ်။

Microsoft Windows ဗားရှင်းကိုတော့ ၂ဝ၁၇၊ ဒီဇင်ဘာ ၂ဝမှာ စတင်ဖြန့်ချိခဲ့ပြီး Xbox One ကိုတော့ ဒီဇင်ဘာ ၁၂ မှာ ဖြန့်ချိခဲ့ပါတယ်။ Android နဲ့ iOS တို့အတွက်ကိုတော့ ၂ဝ၁၈ ခုနှစ်မှာ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

PlayerUnknown’s Battlegrounds game | Ecency