လူကဲ ခတ်တတ်ပါစေ

Words
133
Reading
1 min
8y
Listen to this post
~1 min

လူကဲ ခတ်တတ်ပါစေ . . .
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

image

ဘဝမှာ
အဆင်ပြေပြေ နေနိုင်ဖို့
ပတ်ဝန်းကျင်က လူတွေအကြောင်း
ကောင်း ကောင်း ဆိုး ဆိုး
တတ်နိုင်သလောက် သိထားသင့်ပါတယ်။

အများအားဖြင့်
မကောင်းတဲ့ပတ်ဝန်းကျင်မှာ
ကျင်လည်နေရပီ ဆိုရင်
မိမိလည်း စိတ်ရိုင်းတွေ ဝင်နေတတ်ပီး
မကောင်းတဲ့အမူ အကျင့်တွေ
ကူးစက်နိုင်ပါတယ်။

ဘယ်သူမပြု မိမိမှု ဆိုပေမယ့်
ကိုယ် ဘယ်လောက် ကောင်းအောင် နေပါစေ
မကောင်းတဲ့ သူတွေနဲ့လည်း တွေ့နေရမှာပါ။
ဘယ်သူ မကောင်းမကောင်း
အဓိက ကိုယ်ကောင်းအောင် ကြိုးစားနေဖို့ပါ။
တကယ်လို့
သည်းခံနိုင်မှု
ခွင့်လွှတ်ပေးနိုင်မှု
နားလည်ပေးနိုင်မှု
အတိုင်းအတာ လွန်လာတဲ့အခါ
အဲ့ဒီ ပတ်ဝန်းကျင်ကနေ စွန့်ခွာပီး
နေရာသစ်မှာ အခြေချဖို့ ကြိုးစားရမှာပါ။
ဒါမှ စိတ်ရော ကိုယ်ပါ ချမ်းသာပီး
အစစ အရာရာ
တိုးတက် အောင်မြင်ပါလိမ့်မယ်။

လူအမျိုးမျိုး စိတ်အထွေထွေ ရှိတဲ့အတိုင်း
အချို့ စိတ်ယုတ် စိတ်ပုပ်ရှိတဲ့သူတွေဟာ
သူတို့အက်ျိုး အတွက်
အဆင်ပြေ အောင်မြင်နေတဲ့အခါ
မိမိ အပေါ် ကောင်းတတ်ကြပီး
စိတ် အခန့်မသင့်
မပြေ မလည်
သဘောထားချင်း ကွဲလွဲရတဲ့အခါ
တခါက ကျေးဇူးကို မေ့
လူချင်းတွေ့ရင်တောင်
ရန်သူလို ပုံစံမျိုး
အချိုးပြောင်း သွားတတ်ပါတယ်။

လူ အကြောင်း ပေါင်းကြည့်မှသိ ဆိုပေမယ့်
မပေါင်း ဘဲ ကြည့်နိုင်အောင် ကြိုးစားပါ။
သူ့အပြု အမူ သူ့အနေအထိုင်
သူ့စကားလုံး တွေကနေ
သူ့ရဲ့စရိုက်အမှန်ကို ဖော်ပြနေတာကို
မြင်အောင်ကြည့်
သိအောင်ကြိုးစားနေရင်
ဆိုးဆိုး ကောင်းကောင်း
အကြောင်း အက်ျိုး ခိုင်လုံလာမှာပါ။

သူများမကောင်းကွက်ကို မြင်တတ်သလို
မိမိ မကောင်းကွက်ကိုလည်း သိ
ပြင် နိုင်အောင် ကြိုးစား
လူသားတိုင်းကို မေတ္တာထားနိုင်မှ
လူးသား ပီသ ပါလိမ့်မယ်။
မျိုးနိုင်-တန့်ဆည်