Exercise Arsenal Team

Words
48
Reading
1 min
Listen
Play
9y

အဆင့်မြင့်နည်းပညာသုံး အားကစားသိပ္ပံနဲ့လေ့ကျင့်ရေးခန်းမကပုံတွေကို အာဆင်နယ်အသင်း ထုတ်ဖော်ပြသ

ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း အာဆင်နယ်အသင်းဟာ ဒဏ်ရာပြဿ နာတွေကြောင့် မကြာခဏဆိုသလို အခက်တွေ့ခဲ့ရပေမယ့် ဒီလို ပြဿ နာကြုံရတာက ကြိုတင်ပြင်ဆင်မှုအားနည်းလို့မဟုတ်ကြောင်းကို သူတို့ရဲ့ အားကစားသိပ္ပံနဲ့လေ့ကျင့်ရေးခန်းမပုံတွေနဲ့ ပြသလိုက်ပါတယ်။ အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကိရိယာတွေနဲ့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုစနစ်ကိုတိုင်းတာတဲ့ နည်းပညာတွေဟာ အဆင့်အတန်းမြင့်လွန်းပါတယ်။ အာဆင်နယ်အသင်းရဲ့ အားကစားသိပ္ပံနဲ့ လေ့ကျင့်ရေးစင်တာက ပုံတွေမှာ ညာနောက်ခံလူ ကိုလာစီနက်နဲ့ လေ့ကျင့်ရေးမှူးတစ်ဦးတို့ တွေ့ဆုံဆွေးနွေးနေပုံ၊ ၀ဲလ်ဘက်ရဲ့ လေ့ကျင့်ခန်းဆင်းနေပုံနဲ့ ကိုယ်အနေအထားဟန်ချက်ညီမှုကို ပီတာချက် တိုင်းတာနေပုံတွေ ပါဝင်ပါတယ်။ အာဆင်နယ်အသင်း သုံးနေတဲ့ အားကစားသိပ္ပံနည်းပညာတွေထဲမှာ ကစားသမားတစ်ဦးရဲ့ မြန်နှုန်းနဲ့ ဘောလုံးပွဲအတွင်း လှုပ်ရှားပုံကို အသေးစိတ်တိုင်းတာတဲ့စနစ်တွေလည်းပါဝင်ပါတယ်။![S80321-15115264.jpg

](url)S80321-15113892.jpg

Exercise Arsenal Team | Ecency