နာရီ​လေးရဲ့အမှတ်​တရ

Words
121
Reading
1 min
Listen
Play
9y

မှတ်​မှတ်​ရရ ကျ​နော်​​ ကိုးတန်း​အောင်​​သော​နေ့တွင်​ အ​ဒေါ်က ကျ​နော့်​ကို နာရီတစ်​လုံးလက်​​ဆောင်​​ပေး​ခဲ့​တယ်​။ ကျ​နော်​လည်း အရမ်းလိုချင်​​နေတာ သိလို့ဖြစ်​မယ်​။ အဲ့​နေ့ကလက်​​ဆောင်​ရတဲ့ နာရီ​လေးကိုကြည့်​ပြီး ဝမ်းသပီတိဖြစ်​ရတာနဲ့ သူငယ်​ချင်း​တွေကို လည်း"ဒီမှာ​တွေ့လား ငါ့နာရီ​လေ ငါ့အ​ဒေါ်ဝယ်​​ပေးတာ"ဆိုပြီး သူငယ်​ချင်း​တွေကို လိုက်​ကြွားရတဲ့အရသာကလည်း ​ကောင်းတာကိုး😝😝။
ဒီလိုနဲ့​ရေချိုးခါနီးဆို နာရီ​လေးကို ​ဖြုတ်​ပြီးချိုးလိုက်​၊ ထမင်းစားခါနီးဆို နာရီ​လေးကိုဖြုတ်​ပြီးစားလိုက်​၊ အလွန်​ဆုံး အိပ်​ခါနီးမှာ​တောင်​ နာရီ​လေးကို ဖြုတ်​ပြီး အိပ်​ခဲ့တာ​လေ။ တကယ်​​တော့ နာရီ​လေးဟာ ကျ​နော်​အတွက်​​တော့ အဖိုးတန်​ပစ္စည်း တစ်​ခုပါပဲ။
ကျ​နော်​ ဆယ်​တန်းစတတ်​တဲ့နှစ်​မှာ​တော့ အ​ဒေါ်ဝယ်​​ပေးတဲ့ နာရီ​လေးက​တော့ ​တော်​​တော်​​လေးကို အ​ရေးပါလာတာကို ​တွေ့လာရတယ်​။ဆရာ၊ဆရာမ များလည်း​ အချိန်​နဲ့တစ်​​ပြေးညီ စာသင်​ရတာ​ကြာင့်​ နာရီကိုလက်​တွင်​ပတ်​ထားရ​ပြီး ၊ကျ​နော့်​သည်​လည်း ​ကျောင်းသွား​ကျောင်းပြန်​​ရေမိုးချိုး၊ထမင်းစားချိန်​၊စာကျက်​ချိန်​၊ကျူရှင်​သွားချိန်​ စသည်​အချိန်​​တွေကို ကျ​နော်​ရဲ့နားရီ​လေးနဲ့ကန့်​သက်​ထား​ခဲ့တယ်​။အဲ့လိုနဲ့ ဘယ်​သွားသွား နာရီ​လေးကိုအမြဲ​ဆောင်​တတ်​လာပြီး နာရီ​လေးနဲ့ ကျ​နော်​က ညီအကိုအရင်းလို​တောင်​ဖြစ်​​နေခဲ့တယ်​။ သူကိုမပတ်​တဲ့​နေဆိုတာမရှိလာသလို သူကိုမပတ်​ရရင်​ လက်​မှာ တစ်​ခုခုလို​နေတလို ​တောင်​ခံစားရတယ်​​လေ။
ကျ​နော်​ရဲ့ ​နေ့ရက်​​လေး​တွေကို နာရီ​လေးနဲ့အတူဖြတ်​တန်းတယ်​။ဒီလိုနဲ့ သူ​လေးနဲ့နှစ်​နှစ်​​ကျော်​​လောက်​ဖြတ်​တန်းလာပြီး စက်​​လေး​ဟာတစ်​ဖြည်းဖြည်း ချို့ယွင်းလာတယ်​။ ဆိုင်​ကို ခနခန သွားပြင်​ရတာလဲ များလာတယ်​။အ​မေက​တော့ ​ပြောတာ​ပေါ့" ​နောက်​တစ်​လုံးဝယ်​​တော့ နင့်​ဟာက ဆိုင်​မှာခနခန သွားပြင်​​နေရတာနဲ့ အသစ်​ပဲဝယ်​လိုက်​​တော့သား​"။ကျ​နော်​နဲ့ နှစ်​နှစ်​​ကျော်​တွဲလာပြီးမှ ခုသူ့ကိုစွန့်​လွန်​ရ​တော့မှာဆို​တော့ စိတ်​ထဲမှာ ဝမ်းနည်းသလိုလို ဖြစ်​​နေတ​ယ်​​။အဲ့လိုနဲ့အသစ်​မဝယ်​ဖြစ်​ခဲ့​ပေ။ ဒါ​ပေမဲ့ တစ်​​နေ့မှာ​တော့ ကျ​နော့်​ရဲ့နာရီ​လေးက​တော့ ​ဆောင်းရာသီရဲ့ အ​အေးဒဏ်​ကို မခံနိုင်​​တော့ပဲ ရပ်​တန့်​သွားပြီး လက်​တံ​လေးပါ ပျက်​​စီးသွား​တယ်​။ မနက်​​စော ထပြီးနာရီ​လေးကြည့်​မိ​တော့မှ သိသွား​တော့ ကျ​နော့်​လည်း မအားတာနဲ့ ကျ​နော့်​ရဲ့ ပထမဆုံးလက်​​ဆောင်​ရရှိတဲ့ နာရီ​လေးကို ​သိမ်းထားလိုက်​​ပြီး အလုပ်​သွား​​တော့တယ်​။
ဒီလိုနဲ့အခြားနာရီ​လေးတစ်​လုံးမဝယ်​ဖြစ်​​သေးပဲ​နေတာ​ပေါ့။အဲ့လိုနဲ့ ​နောက်​​နေ့အလုပ်​သွားရင်း အမှတ်​မထင်​ နာရီ​ရောင်းတဲ့ ဆိုင်​ကို​လမ်းကြည့်​မိတယ်​။အဲ့မှာ နာရီ​လေးတစ်​လုံးက အမှတ်​မထင်​ ဆွဲ​ဆောင်​​နေ​တယ်​။သေချာကြည့်​မိ​တော့မှ အရင်​ကကျ​နော့်​နာရီ​လေးနဲ့ အရမ်းတူတယ်​ဆိုပြီး ဝယ်​ခဲ့လိုက်​တယ်​။ခု​တော့ သူ့​နေရာမှာနာရီ​သစ်​​လေး အစားထိုး​နေပြီး​လေ။ဘာပဲဖြစ်​ဖြစ်​ နှစ်​နှစ်​​ကျော်​ဖြတ်​တန်းခဲ့တဲ့ နာရီ​လေးကို​တော့ တတိရ​နေစဲပါ။ဒါ​​​က​တော့ ကျ​နော်​ဖြတ်​တန်းခဲ့ရတဲ့ အမှတ်​တစ်​ရ​လေးတစ်​ခုဖြစ်​ပြီး အမြဲတန်းလဲအမှတ်​ရမဲ့ဟာ​လေးတစ်​ခုလဲဖြစ်​ပါတယ်​။
imageHFS- A 8

နာရီ​လေးရဲ့အမှတ်​တရ | Ecency