sjkl

Words
79
Reading
1 min
Listen
Play
8y

kB.E ဘွဲ့ဆိုသည်မှာ~~~~

ဒီလက်မှတ်လေးပေါ့
ကျွန်တော့်မိဘတွေရဲ့
ချွေးတွေ စည်းစိမ်တွေ
ဝါးမျိုသွားခဲ့တာ

ဒီလက်မှတ်လေးပဲပေါ့
ကျွန်တော့်ဘဝကို
ငါးနှစ်တာလုံးလုံး
အလကားကောင်လို့
လူတွေမေးငေါ့စေခဲ့တာ

ဒီလက်မှတ်လေးပဲပေါ့
ပညာတတ်ကြီးဖြစ်ရင်
မပင်ပန်းတော့ဘူးဆိုတဲ့ အိမ်မက်တွေ
ကျွန်တော့မိဘတွေကို ပေးခဲ့တာ

အခုတော့ ဒီလက်မှတ်လေးက ကျွန်တော့ကိုပေးတယ်
လစာလေး တစ်သိန်းခွဲနဲ့
အင်ဂျင်နီယာဆိုတဲ့ အိမ်မက်လေးကို
ပင်ပန်းမှူတွေ စိတ်ဆင်းရဲမှူတွေ
အချိုးကျ ရောစပ်ပြီးတော့လေ

ဒီလက်မှတ်ကိုပိုင်ဆိုင်ရဖို့
ကျောင်းတက်စဉ်ကလည်း
အမေရေ ပိုက်ဆံပို့ပါဦးဆိုတဲ့
စကားကို အခါခါပြောခဲ့ရတယ်
တနေ့တော့ကျွန်တော့အလှည့်ပေါ့
ဆိုတဲ့ အတွေးလေးနဲ့

ဒီလက်မှတ်ကိုအသုံးပြုပြီး
အလုပ်လေးရပြန်တော့လည်း
အမေရေ ဒီလတော့သားမပိုဘူးဆိုတဲ့
စကားကို တစ်လတစ်ခါ ဖုန်းဆက်ပြောနေရတာ
အရမ်းဝမ်းနည်းမိတယ်

ပင်ပန်းတာချင်းအတူတူ
နယ်မှာက ပိုက်ဆံပိုရတာသိရက်နဲ့
ဒီမှာဒုက္ခခံနေတာ
ကျွန်တော့မိဘတွေချွေးနဲ့ရင်းထားတဲ့
ကျွန်တော့်အချိန်တွေကို
အလကားဖြစ်စေခဲ့တဲ့
ဒီလက်မှတ်ကို ပြန်ပြီးအသုံးချချင်လိုပါ

ဘွဲ့ရခဲ့တာ ဘာမှအတွေ့အကြုံမရှိဘူး
ဆိုတဲ့ စကားတွေအရမ်းကြားနေရတယ်
ဘွဲ့ကနေရင်းထိုင်ရင်းရလာခဲ့တာမဟုတ်ပါဘူး
အခုကျွန်တော်တို့တွေဘွဲ့ရဖို့ရင်နှီးထားရတာတွေ ဒီလခထက်ပိုပြီး ထိုက်တန်ပါတယ်ဗျာ

experience ဆိုပြီးအော်နေကြတဲ့
အလုပ်ရှင်တွေ မေးကြည့်ချင်ပါတယ်
သူတို့ငယ်ငယ်က experience မရှိဘဲ ဘယ်လိုထမင်းစားခဲ့တာလဲလို့
image

Credit to ~~ Mg Storm ~~ ORIGINAL WRITER

sjkl | Ecency