သူဌေးမဖြစ်ခင်

Words
44
Reading
1 min
Listen
Play
9y

သူဋ္ဌေးမဖြစ်ခင် အသုံးအစွဲမကြမ်းနှင့်
မရင်းနှီးသေးလျှင် အစအနောက်မသန်နှင့်
အပြောကောင်းနေ၍ လွယ်လွယ်မယုံနှင့်
ခံတွင်းကောင်းတိုင်း ပလုပ်ပလောင်းမစားနှင့်
မိမိကမှန်သည်ဟူ၍ ပြစ်ပြစ်ခါခါမပြောလိုက်နှင့်
ဆင်းရဲနေ၍ အထင်သေးစကားမပြောနှင့်
ချမ်းသာနေ၍လည်း အထင်ကြီးသည့်စကားမပြောနှင့်
မရှိသည့်ဂုဏ်ကိုလည်း သွားမမြှောက်နှင့်
ရှိနေသည့်ဂုဏ်ကိုလည်း နှိမ့်ချ မဆက်ဆံနှင့်
အစားမှား၍ သေသွားသူလည်းများစွာရှိ၏
စကားမှား၍ ဘဝအခြေအနေ နိမ့်ကျသွားသူလည်း
များစွာရှိ၏။
ပညာရှိဖြစ်ဖို့အတွက် ပါးစပ်ပေါက်ကို ဦးစွာပြင်ရ၏။
မျက်နှာ၌ ကန့်လန့်ပါသောပါးစပ်ဖြစ်သော်လည်း
ပါးစပ်က ပြောသည့်စကား
ပါးစပ်က စားသည့်အစာ ...ကန့်လန့်မဖြစ်အောင်
လိုက်လျှောညီထွေဖြစ်အောင် သတိပြု အပ်၏။
ထို့ကြောင့်...
စကားမပြောခင် စဉ်းစားပါ
အစားမစားခင် သုံးသပ်ပါ။

Crd

သူဌေးမဖြစ်ခင် | Ecency