ခရီးသွားခြင်းသည် အကျိုးထူးများစွာကိုပေးစွမ်းနိုင်ပါသည်။
ခရီးသွားခြင်းဖြင့် ဗဟုသုတများစွာကို ရရှိနိုင်ပါသည်။
ခရီးအနီးအဝေးကိုလိုက်၍ ဒေသအခြေအနေ ကွဲပြားမှုများကို မြင်တွေ့ နိုင်ပါသည်။ ပထဝီ အနေအထားမှစ၍
ရာသီဥတု စိုက်ပျိုးသောအပင်များ ဒေသ၏ အဓိကစီးပွားရေး
ဓလေ့ထုံးစံများ ။ဒေသခံများ ၏ လေယူ လေသိမ်း စကားသံများ စသည့် မတူ ကွဲပြားမှုများအလိုက် ကြည့်စရာ
သိမှတ်စရာတိုကို မှတ်သားရင်း မှ အသိသစ် အမြင်သစ် အတွေးသစ်များကို ဖြစ်ပေါ်စေနိုင်သည်။
ခရီးသွားဖော်ချင်းသိကျွမ်းခွင့် ရသကဲ့သို့  ဒေသခံများနှင့်လည်း တွေဆုံရင်း နှီးခွင့်ရသည်မှာလည်း ပျော်စရာကောင်းလှသည်။ ထိုပြင့် ခရီးစဉ်တစ်လျှောက်ရှိ
မတွေ့ ကြုံဖူးသော မြင်ကွင်းအစုံစုံကို ကြည်နူးဖွယ်ခံစားနိုင်သကဲ့သို့  မစားဖူးသော ဒေသထွက် အစားအသောက်များ အသုံးအဆောင်
ပစ္စည်းများကလဲ မိမိတို့ သွားခဲ့သော ခရီးကို အမြဲတမ်း အမှတ်ရစေပါသည်။ ထို့ သို့ သော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သောကြောင့် လူအများစုသည် ခရီးသွားခြင်းကို
အလွန်ပင် နှစ်သက် စိတ်ဝင်စားလှပါသည်။