" ချစ်ခဲ့ပါသည်...သို့သော် "
" နင့်ကိုငါ့နောက်တကောက်ကောက်မလိုက်နဲ့လို့ပြောထားတာနားမလည်ဘူးလား...လွမ်းရောင်ခြယ် "
"ငါနင့်နောက်လိုက်တာ ဘာအပြစ်ရှိလို့လဲ နသံ ...."
"အပြစ်မရှိတာ ရှိတာငါမသိဘူး..ငါသိတာကနင်ငါ့နောက်ကိုလိုက်နေတာ ငါအနေကျပ်တယ်..."
"နင်ကလဲဟာ..."
"နင်ထပ်ပြီးငါ့နောက်လိုက်လာရင်ငါ့အပြစ်မဆိုနဲ့နော်...လွမ်းရောင်ခြယ်..."
သူမကိုအပြစ်ပြောကာ ထွက်သွားသော ယောနသံ
ဆိုသည့် သူမရဲ့ငယ်ချစ်ဦးဖြစ်သလို သူငယ်ချင်းလဲ
ဖြစ်သည့် ကောင်လေးကိုသူမ မတားနိုင်တော့ပါ။
ယောနသံ ဆိုတာသူမတို့ကျောင်းရဲ့kingဘွဲ့ကို
ထိုက်ထိုက်တန်တန် ရရှိထားတဲ့သူတယောက်ဖြစ်တဲ့အပြင် သူမနဲ့လဲ ငယ်ငယ်ကတည်းကသူငယ်ချင်းတွေဖြစ်တဲ့သူက ယောင်္ကျားပီသစွာလေးထောင့်မကျတကျမျက်နှာ၊ နှာတံချွန်လေးတွေ၊ ကကြီးပုံ
နှူတ်ခမ်းလေးတွေနဲ့ လိုက်ဖက်စွာ ညိုညက်နေတဲ့အသားရေလေးတွေနဲ့လိုက်ဖက်စွာ ဝတ်စားဆင်
ယင်တတ်မှူတွေကြောင့် kingဘွဲ့ဟာသူနဲ့ထိုက်တန်လှပေသည်။
ကျွန်မကလား။ ကျွန်မကတော့သူနဲ့ဆန့်ကျင်စွာ မဖြူ့
တဖြူအသားရေ၊ ပါဝါမျက်မှန်အထူ၊ မိတ်ကပ်ဆိုတာမရှိကြီးမားတဲ့ပါးကွက်ကြီး၊ အဆိုးဆုံးက အလွန်ဝနေတဲ့ခန္ဓာကိုယ်နဲ့အတူ ပုံတုံးတုံးအဝတ်စားတွေ
သာဝတ်စားတတ်တဲ့သူမကို သူမချစ်နိုင်တာမဆန်းပါ။
" နသံ...မင်း ခြယ့် ကိုပြောခဲ့တာမလွန်ဘူးလား...."
"မလွန်ပါဘူး...ဒါငါပြောနေကြတွေ..သူလုံးဝစိတ်မဆိုးဘူး..စောင့်ကြည့်.."
"ယုံပါတယ်..မင်း ခြယ့် ကိုငယ်နိုင်မှန်းသိပြီးသားပါ
ငါတို့တစ်ခုလောက်ခွင့်တောင်းချင်တယ်..."
"ဘာလဲ..."
"ငါတို့ ခြယ့် ကိုစချင်လို့ အဲ့ဒါ..."
"ငါနဲ့ဘာဆိုင်လဲ...မင်းတို့ဘာသာစချင်စ မစချင်နေ
စိတ်မဝင်စားဘူး..အာရုံနောက်တယ် သူ့အကြောင်း
လာမပြောနဲ့..ငါ မ နဲ့ချိန်းထားတယ်..လစ်ပြီ.."
ကျော်စွာတို့အပြောကိုအလေးမထားမိခဲ့သမျှဟာ
နောင်တစ်ချိန်မှာ သူ့အတွက်နောင်တကြီးဖြစ်လာမယ်ဆိုတာသာ နသံ သိခဲ့မယ်ဆိုရင်.........။
ဒီနေ့ဘာကြောင့်မှန်းမသိကျောင်းထဲဝင်လာကတည်းကလူတိုင်းကသူမကိုကြည့်နေသည်ဟု ခြယ်ထင်မိသည်။ တစ်ချို့ဆိုတီးတိုးစကားတောင်ပြောနေကြသလိုလိုပါ။ သူမပြင်နေကြပုံစံအတိုင်းပဲဝတ်လာတာပါ။ ဘတွေထူးဆန်းနေပါလိမ့်?
ထိုအချိန်မှာပင် သူမရှိရာသို့ အပြေးတပိုင်းရောက်လာတဲ့သူမ၏တဦးတည်းသောသူငယ်ချင်းဖြစ်သူ
ကဗျာ ရောက်လာခဲ့သည်။
"ခြယ် နင်လာတာနဲ့အတော်ပဲ..."
"ဘာဖြစ်လာတာလဲ ကဗျာ..ပြီးတော့လူတွေကငါ့ကိုကြည့်နေကြသလိုပဲ..ငါဘာဖြစ်နေလဲ ကြည့်ပါဦး....."
"နင်ဘာဖြစ်နေလဲသိချင်ရင်..အတန်းရှေ့ကwallမှာ
သွားကြည့်လိုက်..."
ကဗျာ့ စကားပင်မစောင့်နိုင်တော့ ခြယ် အတန်းရှိရာသို့အပြေးလေးသွားမိတော့သည်။အတန်းရှေ့ရောက်တော့လူအုပ်ကြီးရဲ့ကြား သိလိုဇောနဲ့တို့ဝှေ့ကြည့်မိတော့ သူမမျက်စိပင်မယုံနိုင်လောက်အောင်ဖြစ်မိလေသည်။
[ ကျွန်တော် ယောနသံသည် အများသိပြီးသည့်အတိုင်း E မေဂျာမှ queen ဖြစ်သူ နှိုင်းယှဉ်ခ နှင့်ချစ်သူတွေဖြစ်နေကြပါသော်လည်း လွမ်းရောင်ခြယ်
ဆိုသည့်ရုပ်ဆိုးဆိုးဝက်မက ကျွန်တော့နောက်
လိုက်ကာ တဖက်သတ်ကြိုက်နေပါသဖြင့် ဒီလိုလူကို
စနိုက်ကြော်ဟုခေါ်မလား ဒါမှမဟုတ် မျက်နှာပြောင်
တိုက်သည်ဟု ခေါ်မလားဆိုတာ သူငယ်ချင်းတိုပဲ့
စဉ်းစားပေးကြပါရန်ပန်ြးကာအပ်ပါသည်ခင်ဗျ ]
( ငါ့သိက္ခာတွေ နင်ဖျက်ဆီးလိုက်တာပဲ နသံ)
ခြယ် အံကိုတင်းတင်းကြိတ်ကာကပ်ထားတဲ့စာရွက်ကိုဖြုတ်ပြီး ယောနသံရှိရာသို့ထွကလ်ာခဲ့မိသည်။
နောက်ကလူတွေဘယ်လိုကျန်ခဲ့မယ်ဆိုတာ သူမ
စိတ်မဝင်စားနိုင်။ သူမသိတာက နသံ ဘာ့ကြောင့်ဒီလောက်ထိရက်စက်ရလဲဆိုတာသာ အရေးကြီးဆုံးမို့
နသံ့ ကိုရှာဖွေရန်သာကြိုးစားမိတော့သည်။