fလွမ်းနေမယ် ပန်းရယ်
ပန်းရေ အလွမ်းတွေဟာ
အချိန်အခါမဲ့ အသက်သမျှမက ထာဝရ
ကိုယ့်ဘဝကိုလွှမ်းခြုံထားတော့မှာ ။
နွေးထွေးတဲ့အသိစိတ်နဲ့ မမေ့ရက်နိုင်လောက်အောင်
အရာရာတိုင်းဟာအောင့်မေ့စဖွယ် ။
တွယ်တာခဲ့ရသမျှ ပန်းရဲ့အနုအလှစကားတွေဟာလဲ
တယုတယနဲ့ နားထဲကရုန်းမထွက်နိုင်တော့ ။
သံယောဇဉ်မျက်ဝန်းအစုံက အာရုံထဲမှာအစဉ်တစိုက်
တရှိုက်မက်မက်ရှိစမြဲ ။
နားလည်သိနဲ့ ပန်းရဲ့အကြည့် အငြိတွယ်ဆုံးပန်းရဲ့အပြုံး
အို . . . မြင်မက်လို့ဆုံးမှာမဟုတ်တော့ ။
မြတ်နိုးခြင်းကြီးစွာ မညှိုးခဲ့တဲ့ပန်းရဲ့မျက်နှာ
ပန်းရဲ့အကြင်နာ ပန်းရဲ့မေတ္တာ ဂရုဏာတွေ
ခုထိတွေးတိုင်းလဲ နွေးထွေးနေတုန်းပဲ ။
အိုကွယ် . . . . .
ချုံးပွဲချငိုရစ်တဲ့ ပန်း လှမ်းကာပွေ့ထူလို့မှ
ဖေးကူမရတော့တဲ့ ကိုယ့်ဘဝ
ဘာမှမငြိတွယ်နိုင်တော့တဲ့ ဝိညာဉ်အဖြစ်မို့
နေရစ်တော့ ပန်းရေ
ကိုယ်သွားနှင့်ပြီကွယ် ။ ။
နေဒွန်း
18.4.18