ဘာအလုပ်ကိုဘဲ လုပ်လုပ် ရည်ရွယ်ချက်လေး ထားလုပ်သင့်ပါတယ်
ရည်ရွယ်ချက်လေးရှိမှသာ အလုပ်က ဦးတည်ရာမပျောက်ဆုံးဘဲ
အောင်မြင်နိုင်မယ်လို့ ထင်ပါတယ် ဦးတည်ရာမဲ့နေတဲ့ သူ ဦးတည်ရာမရှိတဲ့
အလုပ်ကတော့ လမ်းဘေး အမှိုက်တွေလို လေယူရာသင့်လို့နေတော့မှာပေါ့
လွင့်ချင်ရာလွင့်လို့နေတော့မယ်လေ လူတိုင်းက အလုပ်တွေကိုယ်စီလုပ်ကြပါတယ်
လူတွေက အလုပ်ကို ပျော်ပျော်ပါးပါးဘဲ လုပ်ကြပါတယ် တစ်ချို့ကတော့ မပျော်မပါး လုပ်
နေကြသူတွေလည်း ရှိပါတယ် အလုပ်ကို စိတ်ပင်ပန်း ကိုယ်ပင်ပန်း လုပ်နေကြရသူတွေ
လည်း ရှိလို့နေပါတယ် အလုပ်လုပ်တာချင်း အတူတူ ဘာတွေ ကွာခြားသွားလို့လဲ
ဒီလို မတူညီတဲ့ စိတ်ခံစားမှုတွေ ဖြစ်လာတာ ဘယ်လို အကြောင်းတွေကြောင့်လဲ
အလုပ်လုပ်တဲ့နေရာမှာ လုပ်ရတဲ့ အလုပ်အကိုင် အဆင့်အတန်းတွေ မတူညီလို့လား
ရတဲ့ လစာငွေ အကျိုးခံစားခွင့်တွေ မတူညီလို့လား အလုပ်က ပင်ပန်း နေလို့လား
သက်သောင့် သက်သာမရှိလို့လား။
အလုပ်မှာ စိတ်ချမ်းသာမှု ရှိခြင်း မရှိခြင်းဆိုတာကတော့ လုပ်ရတဲ့အလုပ်ကြောင့်ဆိုတာ
အပြည့်အ၀ မမှန်ပါဘူး အလုပ်ကို လုပ်တဲ့နေရာမှာ ဦးတည်ရည်မှန်းချက် ရှိခြင်းမရှိခြင်း
ကြောင့်သာလျှင် ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းဆိုတာ ဖြစ်လို့လာရတာပါ။
ဒါကြောင့် အလုပ်လုပ်တဲ့ နေရာမှာ တိကျသော ဦးတည်ချက် ရည်မှန်းချက်လေး ထားပြီးတော့ လုပ်သင့်ပါတယ် ဆိုတာလေး တင်ပြရေးသား အပ်ပါသည်။
ယနေ့မှစလို့ ငါသည် အလုပ်တစ်ခုလုပ်ရာတွင် တိကျသော ရည်မှန်းချက်ကို ထားပြီး လုပ်ဆောင်မည်။
@nightboy
photo-google image