အချစ်ရယ်
အတိတ်အကြောင်းဆိုတာ
ပြန်ယူခွင့်မရနိုင်တော့ပေမယ့်
ပြန်တွေးရင်တော့ရနိုင်သေးတာမို့
တစ်ချိန်တုန်းက
အချစ်ဆုံးချစ်ဦးသူနဲ့
တောင်ငူမြို့ရဲ့
သမိုင်းဝင်မြတ်စောညီနောင်ဘုရားမှာ
ဝါဆိုပန်းတွေကပ်လှူပြီး
မခွဲရစေကြောင်း
ဆုတောင်းခဲ့ဘူးတယ်နော်
ချစ်သူရယ်
ဆုတောင်းတိုင်းသာ
ပြည့်ဝခွင့်ရမယ်ဆိုရင်
ကိုယ်တို့နှစ်ယောက်ရဲ့
အချစ်တွေဟာ
ဆုတောင်းခြင်းတွေနဲ့
ပြည့်ဝနေမှာပါ
ဝေးကွာမူဆိုတာ
ဘယ်ရှိနေပါ့မလဲ
ဒါပေမယ့်အခုတော့
ဆုတောင်းပဲ မှားခဲ့လေသလား
ဆုတောင်းပဲ မပြည့်လေတော့လား
မသိမသာနဲ့ ဝေးသွားတာ