တစ်ခါတုန်းက လူတစ်ယောက်ဟာ ခရီးသွားနေတုန်း ဆင်တွေထားတဲ့ အနား ဖြတ်သွားမိတဲ့အခါမှာ ချက်ခြင်းကို
ရပ်လိုက်ပြီး ဒီလောက်ကြီးမားတဲ့ ဆင်တွေ ကို ဘာလို့များ ကြိုး သေးသေးလေးနဲ့ ချုပ်နှောင်လို့ရတာလဲလို့ တွေဝေ
ကာစဉ်းစားမိသွားပါလေသည်။ ချိန်းကြိုးတွေနဲ့လည်း မချထြား လျောင်အိမ်ထဲလည်းမထည့်ထားပဲနဲ့ ဘယ်လိုထိန်းသိမ်း
ထားသလဲဆိုတာကို အစဉ်းစားရခက်သွားပါတယ် ဆင်တွေအချိန်မရွေး ကြိုးတွေကို ဖြတ်ပြီးထွက်ပြေးသွားနိုင်တယ်
ဒါပေမယ့်တစ်ကောင်မှာ အဲ့ဒီလိုမပြေးတာကို တွေ့လိုက်ရတာကတော့ အတော်ကို ထူးဆန်းလို့နေပါလေသည်။
ထိုအခါ သူသည် အရမ်းသိချင်စိတ်တွေ ဖြစ်ပေါ်လာပါသည်။ အနီးတွင် ရှိနေသော ဆင်ထိန်းကို ဘာလို့များ ဆင်
တွေက ထွက်ပြေးဖို့ မကြိုးစားတာလဲလို့ မေးလိုက်ပါလေသည်။ ထိုအခါ ဆင်ထိန်းကြီးပြောပြသည်မှာ ဒီလိုဖြစ်ပါသည။်
ဆင်ကလေးတွေကို ငယ်စဉ်တုန်းကတည်းက အရွယ်အစားတစ်မျိုးတည်းသော ကြိုးနဲ့ဘဲ ချည်ခဲ့ပါတယ် အဲ့ဒီအရွယ်တုန်းက
သူတို့ကို ကြိုးသေးသေလေးတွေက ကောင်းကောင်း ထိန်းထားနိုင်ပါတယ် သူတို့ တဖြည်းဖြည်းကြီးလာတဲ့အခါမှာ
တော့ သူတို့ကို အဲ့ဒီကြိုးလေးတွေ က ဆက်လက်ပြီး ထိန်းချုပ်ထားနိုင်ဆဲဖြစ်ပါတယ် ဘာလို့ဒီလိုဖြစ်သလဲဆိုရင်
သူတို့ စိတ်ထဲမှာ အမြဲစွဲမြဲမှတ်လိုက်တာက ငယ်စဉ်ကတည်းက ရုန်းလို့ မလွတ်နိုင်ဘူးဆိုရင် နောက်လည်း အမြဲရန်းလို့
မလွတ်တော့ဘူး ဘဲ ထင်မှတ်တာပါဘဲ
ထိုအခါ လူငယ်သည် အလွန်ကို အံ့သြသွားရပါလေသည်။ ဒီဆင်တွေက သူတို့ကို ချည်ထားတဲ့ ကြိုးတွေကို မဖြတ်နိုင်ဘူး
ဆိုတာကို ယုံကြည်နေတဲ့ အတွက် လွတ်မြောက်အောင် မကြိုးစားဘဲ အမြဲအချုပ်အနှောင် အခိုင်းစားခံနေရတာကို
သိလိုက်ရပါလေသည်။ ဒီိဆင်တွေလို ဘဲ လူတွေရဲ့ဘ၀မှာ တစ်ကြိမ်တစ်ခါ ကျဆုံးတိုင်း အမြဲကျဆုံးနိုင်တယ် ကျဆုံး
ပြီလို့ ထင်မှတ်နေတက်တာကို တွေ့ရမည်ဖြစ်ပါလေသည်။ယုံကြည်မှားယွင်းမှု တစ်ခုက ဘ၀တစ်ခုလုံးကို ကျဆုံးစေ
တယ် သို့မဟုတ် ထိန်းချုပ်သွားစေနိုင်ပါတယ်
ကျဆုံးခြင်းဆိုတာက သင်ယူခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ် ဒါကြောင့်လက် မမြှောက်အရှုံးမပေးဘဲ အရာရာကို
ရင်ဆိုင်ကြပါစို့ ကျရှုံးလို့ စိတ်ညစ်နေရင် အခုဘဲ ပြန်ပြီး ကြိုးစားကြည့်လိုက်ပါနော်။ သောမက်အက်ဒီဆင်လို တီထွင်သူ
တွေဟာ တစ်ကြိမ်တည်းကြိုးစားပြီး အောင်မြင်သော ကဘာကျော်သော တီထွင်မှုတွေ လုပ်ဆောင်နိုင်ခဲ့တာ
မဟုတ်ပါဘူး အကြိမ်ကြိမ် မှားယွင်းပြီးမှ နောက်ဆုံး ကဘာကျော် တီထွင်မှုကို လုပ်ကိုင်နိုင်လာတာဖြစ်ပါတယ်
ဆက်ကာ ဆက်ကာ ကြိုးစား လုပ်ကိုင်သွားကြပါလို့သာ ပြောကြားရင်း အရှုံးမပေးနှင့်ဆိုသည့် စကားကို နှလုံးသွင်းနေ
မိပါတော့သည်။ အားလုံး အောင်မြင်သူများဖြစ်ကြစေရန်လည်း ဆုတောင်းအပ်ပါသည်။ ကျန်းမာချမ်းသာ ကိုယ်စိတ်နှပါး
အေးချမ်းသာယာမှုအပေါင်းနဲ့လည်း ပြည့်စုံနိုင်ကြပါစေ
စိတ်ဆိုတာ စွမ်းအားအကြီးမားဆုံး
@nightboy
photo-google image