ဒါလေးတွေတော့ သမီးကို သိစေချင်တယ်ဖေဖေမကြိုက်တဲ့ ခေါက်ရိုးကျိုး
စကားလုံးတွေရှိတယ် ဘာတွေလဲဆိုတော့
လူကြီးတေါက ပြောတယ်ကလေးလိုပဲနေ
မရှုပ်နဲ့ရည်းစားမထားနဲ့ 
လူငယ်သဘာဝစိတ်မကစားနဲ့ စတဲ့စကားတွေပေါ့
ဒါတွေဟာခေတ်အဆက်ဆက်ပြောခဲ့
တာပါဘဲ ခေတ်အဆက်ဆက်ဖီဆန်ခဲ့တာလေ
ဟုတ်ရဲ့လား ဖေဖေကတော့ ဖောက်ထွက်မယ်
ချစ်တဲ့သမီးကို ရည်းစားမထားနဲ့ လို့ 
ဖေဖေကလေ လုံးဝမပြောဘူး
မှန်တယ်နော်ဒီအရွယ်မှာ ရည်းစားထားရင်
ဘယ်လိုဖြစ်မယ် မှားတယ်လို့ ပြောမယ်
ဒါပေမယ့် ချစ်သောသမီးကိုအမိနိ့ မပေးဘူး
အသိပညာရယ် သတိပညာပဲပေးမယ်နော်
ချစ်တဲ့သမီးကို ဖေဖေယုံကြည်နေသ၍
ဖေဖေကလေအမိန့် မပေးဘူးနော်
လိုအပ်တဲ့ အကြံပဲပေးမယလေ
ဒါတွေကို ဘယ်လို ဆိုလိုတယ်ဆိုတာသမီးသိမှာပါ
တကယ်ပါကွယ် ဖေဖေက သမီးစာကြည့်လို့ 
ငယ်စဉ်ကတည်းကအမိန့် မပေးခဲ့ဘူး
အမှန်တကယ်သမီးကိုစာကြည့်သင့်ကြောင်းပဲ
ဖေဖေက သမီးကို ပြောခဲ့တာလေ
အားလုံးဘာကို ဆိုလိုချင်သလဲဆိုတာသမီးနားလည်ရဲ့လား
နားလည်မယ်လို့ မျှော်လင့်ပါတယ်သမီးရေ