လူတွေမှာ အအေးမိတာနဲ့တုပ်ကွေးဖြစ်တာတွေက ဘာကြောင့် ဆောင်းရာသီလိုမျိုး အေးတဲ့ရာသီဥတုတွေမှာ
အဖြစ်များရတာလဲ လို့မေးစရာရှိနေပါတယ် ဒါကဘာကြောင့်လဲဆိုတော့ အပေါ်မှာပြောခဲ့သလိုပေါ့နော် အအေးမိဖျားနာတာကို
အဓိကဖြစ်စေတဲ့အကြောင်းအရင်းက ဗိုင်းရပ်စ်တွေကြောင့်လို့ သိရပါတယ် ဘာလို့ ရာသီဥတုအေးတဲ့အချိန်မှာ ဖျားနာမှုတွေပိုဖြစ်ရတာလဲဆိုတာကတော့
အအေးမိတာနဲ့တုပ်ကွေးရောဂါတွေကိုဖြစ်စေတဲ့ ရောဂါပိုးတွေက ရာသီဥတုအေးမြတဲ့အခြေအနေမှာ ရှင်သန်ပေါက်ဖွားနိုင်ခြေ
မြင့်မားနေတာကြောင့်ဖြစ်ပါတယ် ရာသီဥတုအေးမြနေတာက တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ရှင်သန်နေအောင် အားဖြည့်ပေးနေသလိုဖြစ်တယ်
အအေးမိဖျားနာတာကို ဖြစ်စေတဲ့ အဓိက တရားခံကတော့ ဗိုင်းရပ်စ်ပိုးဆိုတာ သိရပါတယ်
ခန္ဓာကိုယ်ကို ဖျားနာစေတဲ့အရာတွေထဲမှာ ရာသီဥတုအေးတာတစ်ခုအပါအဝင်ဆိုပေမယ့် ရာသီဥတုအေးတာကြောင့်တစ်ခုတည်းနဲ့တော့
မဖျားနာနိုင်ပါဘူးလို့ဆိုပါတယ်သင့်အနေနကူးစက်ခံရတဲ့အခါ အအေးမိနိုင်ပြီး တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ထိတွေ့မိတဲ့အခါမှ
ာတော့ တုပ်ကွေးရောဂါခံစားရနိုင်ပါလေသည် ဒါက ဖျားနာခြင်းရဲ့ အဓိက တရားခံတွေဖြစ်လေသည်
ကူးစက်ပြန့်ပွားမှုနှုန်းဟာ နွေဦးရာသီနဲ့ဆောင်းဦးရာသီတွေမှာ အမြင့်ဆုံးဖြစ်ပါလေသည် တုပ်ကွေးရောဂါပိုးကတော့ ဆောင်းရာသီမှာ
ပြန့်ပွားမှုနှုန်းအမြင့်ဆုံးပါဘဲ ဒီလိုမျိုးအေးမြတဲ့ ရာသီဥတုအနေအထားမှာ ဗိုင်းရပ်စ်တွေအကောင်းဆုံးရှင်သန်နိုင်မှုက
ရာသီဥတုအေးတဲ့အခါ ဖျားနာမှုတွေကိုဖြစ်စေနိုင်တယ်ဆိုတဲ့ အယူအဆကိုဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ် တကယ်တော့
ဖျားနာမှုကိုဖြစ်စေတာက ပတ်ဝန်းကျင်မှာပြန့်နှံ့နေတဲ့ ရောဂါပိုးတွေဖြစ်တယ်လေ
@nightboy
photo-google image