ကလေးဘ၀မှာတော့ နည်းလမ်းပေါင်းစုံအောင် ပေါက်ကရလေးဆယ်ကစားနည်းတွေနဲ့ ကစားဖူးပါတယ်
တကယ်တော့ ကလေးဘ၀က ကစားကြတာတွေဟာ ဘ၀သေးသေးလေးတွေကို စိတ်ကူးယဉ်ပြီး အစမ်း
တည်ဆောက်ကြည့်နေကြတာ လို့ ပြောနိုင်မယ် ထင်ပါတယ်။ ငယ်ငယ်က ကစားနည်းတွေမှာလည်း ညှိနှိုင်းရတာတွေ ပါတယ်။
စည်းမျဉ်းစည်းကမ်းတွေ ပါတယ်။ လောဘလေးတွေ ပါတယ်။ အကြံဉာဏ်ထုတ်ရတာတွေလည်း ပါတယ်။ ပျော်ရတာတွေ ပါတယ်။
ရန်ဖြစ်ရတာတွေ ပါတယ်။ နိုင်တာ ရှုံးတာတွေလည်း ပါတယ်။ ကစားပွဲပြီးတော့လည်း ပြီးသွားတာပါပဲ။ ကလေးတွေ ကတော့ ဖြူစင်ပါတယ်။
အညိုးအတေးအမှတ်တွေလည်း နည်းပါးခဲ့ပါတယ်။ အဲဒီလို ကလေးအရွယ်က ဘ၀သေးသေးလေးတွေကို
ဘယ်လိုပဲ အစမ်းတည်ဆောက်ခဲ့ ပေမယ့် အခုကြီးလာတော့ရော လူ့လောကရဲ့ သတ်မှတ်ထားတဲ့
စည်းမျဉ်းတွေကြားမှာ လောဘဒေါသတွေ ချုပ်ထိန်းလို့ ဘ၀မှာနေပျော်အောင် အနေတတ်ပါပြီတဲ့လား။
ပြီးပြီးပျောက်ပျောက်ရော သဘောထားနိုင်ပါသေးရဲ့လား။ အင်း… စိတ်ကူးယဉ်မှုတွေကရော ရှင်သန်နေဆဲလား ပြီးဆုံးခဲ့ပြီလား။
အပြင်ကို ငေးကြည့်လိုက်တော့ သစ်ရွက်တွေပေါ်က သွယ်တန်းကျနေတဲ့ မိုးရေစီးကြောင်းတွေကို လေရူးက
အပိုင်းပိုင်း ဖြတ်တောက်လို့ ဟိုလွင့်ဒီလွင့် ဝေ့နေပါတော့တယ်။ စိတ်ကူးယဉ်တာတွေက တကယ်လက်တွေ့မှာ ဖြစ်လာတက်တယ်ဆိုတာကို
လည်း တစ်ခါတလေ တွေ့မြင်ရပြန်ပါတယ် တိုက်ဆိုင်မှုလား အမှန်တကယ် ဖြစ်စဉ်လားဆိုတာကတော့