အမျိုးစုံပါတယ် အမည်စုံပါတယ် နောက်ထပ်စုံနေတာတွေလည်း ရှိသေးတယ်
လူမျိုးစုံတယ် ယဉ်ကျေးမှုလည်း များတယ် ဓလေ့ရိုးရာလည်း များတယ်
အဲ့ဒီလို မတူညီမှုတွေကို ငါတို့ပိုင်တယ်လေ
မတူညီခြင်း ခြားနားခြင်း ဆိုတဲ့ အလှတရားတွေကို မင်းတို့ငါတို့ ပိုင်ကြပါတယ်
တစ်ခုနဲ့တစ်ခု တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့တစ်ယောက်
မတူညီခြင်း ခြားနားခြင်းတွေကို အလှတစ်ရားပါလို့ မြင်တက်သူ ရှားပါတယ်
မတူညီတာ ခြားနားတာ ကွဲပြားတာတွေက ပြသနာလို့ မြင်နေတက်ကြတယ်
တကယ်က ပြသနာမဟုတ်ပါဘူး အခက်အခဲမဟုတ်ပါဘူး
ဒါကို အခက်အခဲ အတားအဆီးလို့ ထင်လာရင်တော့ တိုးတက်မှုတွေက ရပ်တန့်
လို့သွားမှာဖြစ်ပါတယ် ဒီလိုတွေ မတူညီတာ ကွဲပြားတာကို အလှတရားလို့
မြင်ပြီး လက်ခံလိုက်ကြရအောင်လား
@nightboy
photo-google image