မတည်မြဲခြင်းများ

nightboy(56)
Published in
#busy
Words
42
Reading
1 min
Listen
Play
8y

ရှင်သန်နေတယ်ဆိုတာ တကယ်တော့ အမှားတစ်ခုပါဘဲ
တကယ်က ရှင်သန်နေတာမဟုတ်ပါဘူး အမြဲသေဆုံးနေတာလေ
လိုဏ်ဂူတစ်ခုထဲဝင်၍ အော်လိုက်လျှင်
ပဲ့တင်သံ ဖြစ်လာပါသည်။
ပဲ့တင်သံသည် မူလအသံ မဟုတ်တော့ပါ။
နောက် အသစ်ဖြစ်လာသော ဒုတိယအသံ ဖြစ်သည်။
ထို အသစ်ဖြစ်လာသော ပဲ့တင်သံသည် ပထမအော်လိုက်သော
အသံကို အကြောင်းပြု၍ဖြစ် လာရခြင်း ဖြစ်သည်။
ပထမအော်လိုက်သော အသံ သည် အော်,အော်ပြီးချင်း
ပျောက်သွားပါသည်။ နောက်ပဲ့တင်သံကသာ
ဆက်လက်ဖြစ်ပေါ်နေရသည်။ သို့ဆိုလျှင် ပထမအသံနှင့်
ဒုတိယအသံ လုံးဝမတူတော့ပါ။
ထိုသဘောတရားအတိုင်း ဖြစ်ပါသည်။တူတယ်ထင်ရပေမယ့် တကယ်က
လုံးဝမတူပါဘူး တစ်သီးခြားစီပါဘဲ ဖြစ်ပျက်သဘောတွေလေ