ဒီလောကမှာလေ မဖျားဘူးတဲ့သူရယ်လို့တော့မရှိပါဘူး။ အားလုံးသော လူတိုင်းရဲ့ခန္ဓာကိုယ်က အသွေးအသားတွေနဲ့ဖွဲ့စည်းထားတာဖြစ်တာကြောင့်
ဖျားနာမှုကိုခံစားရနိုင်ပလေသည် ဟုတ်ပါတယ် ဘယ်လိုအခြေအနေတွေက ဖျားနာစေတာလဲဆိုတာကို သိထားမယ်ဆိုရင် သူများတွေလို
အလွယ်တကူဖျားနာတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်မှာတော့ အသေအချာဖြစ်စေနိုင်ပါတယ်
လူကြားသူကြား ရောဂါပိုးကူးစက်ခံထားရသူက နှာချေတာတွေ ချောင်းဆိုးတာ နှပ်ညှစ်တာတွေကနေတဆင့် ဗိုင်းရပ်စ်တွေက
လေထုထဲမှာပြန့်နှံ့သွားပြီး တော့အခြားသူတွေဆီကို ကူးစက်စေတာတွေကနေ အဖျားကူးပါတယ် အအေးမိဖျားနာတာကို ဖြစ်စေနိုင်တဲ့ဗိုင်းရပ်စ်တွေက
အရာဝတ္ထုတွေအပေါ်မှာ နှစ် ရက် လေးဆယ့်ရှစ်နာရီလောက်
နာရီကြာရှင်သန်နေနိုင်ပါလေသည် တကယ်လို့ သင့်အနေနဲ့ ဗိုင်းရပ်စ်တွေရှိနေတဲ့ အရာတွေကို လက်နဲ့ကိုင်တွယ်ထိတွေ့မိပြီး နှာခေါင်း၊
မျက်လုံး နဲ့ ပါးစပ်တွေကိုထိတွေ့မိတဲ့အခါ ဖျားနာတာတွေဖြစ်လာနိုင်ပါလေသည်
အအေးမိဖျားနာကင်းဝေးစေဖို့ ဆိုရင်တော့ ဒါတွေကို ဆောင်ထားရပါမယ်
ခန္ဓာကိုယ်ကို ပြည့်ဝစွာအနားယူပေးဖို့လိုအပ်ပါတယ် တစ်နေ့တာလုံးလှုပ်ရှားရုန်းကန်ထားတဲ့ ခန္ဓာကိုယ်ကို ညဘက်အိပ်ရေးပျက်ခံစေတာမျိုးမလုပ်ပါနနော်
ပြည့်ဝတဲ့ အိပ်စက်ချိန်ထားရှိပေးပါနော် ခန္ဓာကိုယ်က ပင်ပန်းနေတဲ့အခါ အဖျားဝင်လွယ်စေတာကြောင့်ပါနော်
ဒါဆိုရင်တော့ တော်တန်ရုံအဖျားကနေ ကင်းဝေးပါပြီ
@nightboy
photo-google image