လူတွေရဲ့အတွင်းသဘော

nightboy(56)
Published in
#busy
Words
36
Reading
1 min
Listen
Play
8y

လူတွေဟာ မနာလိုစိတ် ရှိတက်ကြတယ်
လွန်ကဲသူများဟာ သူယုတ်မာဖြစ်လာတယ်
“မနာလိုစိတ်”ဆိုတာ “ယင်ကောင်”နဲ့တူပါတယ်။
ယင်ကောင်ဟာ အညှီကိုပဲ ရှာပြီးအုံနေတတ်တဲ့အပြင်
ခန္ဓာကိုယ်တစ်ခုလုံး ကောင်းတဲ့နေရာတွေဆို မအုံဘဲ
မကောင်းတဲ့နေရာမှာပဲ ရွေးပြီးအုံတတ်တဲ့
သဘောရှိပါတယ်။ ရွံရှာဖွယ်ကောင်းတယ်လို့ ဆိုနိုင်တယ်
အဲဒီလိုပဲ မနာလိုစိတ်ရှိတဲ့သူဟာ
လူတစ်ယောက်ရဲ့ “ကောင်းကွက်”တွေကို မမြင်ဘဲ
“အပြစ်”ကိုပဲ လိုက်ရှာနေတတ်ပါတယ်။
အပြစ်ရှာတဲ့သူဟာ
ယင်ကောင်အညှီအုံသလို အကောင်းပယ်ပြီး
မကောင်းသယ်သလို ဖြစ်နေတတ်ပါတယ်။
ဘယ်လို အခြေအနေမှာ မနာလိုစိတ်ဖြစ်ပေါ်တက်လဲ
မိမိကိုယ်တိုင် သုံးသပ်ပြီး ဆင်ခြင်သင့်ပါတယ်

လူတွေရဲ့အတွင်းသဘော | Ecency