သူမသည်လက်နှစ်ဖက်မရှိသော်လည်း လေယဉ်မောင်းနှင်နိုင်တဲ့အထိ ကြိုးစားခဲ့သူတစ်ဦး အကြောင်းဖြစ်ပါတယ်
သူမဟာ ကလေးဘ၀ကတည်းက ခြေနှစ်ချောင်းကို အသုံးချပြီး အစားအစာ စားနိုင်ခဲ့တယ် ဆော့စရာတွေကို
ခြေထောက်နဲ့ ကစားနိုင်ပါတယ် အသက်နှစ်နှစ်အရွယ်မှာ လက်တု တစ်စုံကို တပ်ဆင်ခဲ့ပြီး အသက်သုံးနှစ် အရွယ်မှာ
တော့ အားကစားလေ့ကျင့်ခန်းများ စပြီးတက်ခဲ့ပါတယ်
အသက်ခြောက်နှစ်အရွယ်မှာတော့ ရေစကူးတက်နေပါပြီ ခြေထောက်အကတွေလည်း ကတက်နေပါပြီ
အသက်ဆယ်နျစ်ကျော်လာချိန်မှာတော့ လက်အတုကို သူမသုံးတော့ပါဘူး ဖြုတ်လိုက်ပြီလေ
သူပြောတာကတော့ လက်အတုက သူ့ကို အနှောက်အယှက်ပေးနေသလိုပါဘဲတဲပ
တိုက်ကွမ်ဒိုမှာလည်း သူက တော်ပါတယ် ခါးပက်အနက်ရသည်အထိ စွမ်းဆောင်နိုင်ပါတယ်
သူမရဲ့ ခြေထောက်တွေဟာ သာမန်လက်ရှိတဲပ သူတွေလိုဘဲ ထမင်းဟင်းချက်နိုင် စားနိုင် ပန်းကန်ဆေးနိုင်ပါတယ်
အလှပြင်နိုင်ပါတယ်
ကွန်ပျူတာစာစိရင် တစ်မိနစ်ကိုစားလုံးရေ နှစ်ဆယ့်ငါးလုံးအထိအောင် သူရိုက်နိုင်ပါတယ် မျက်ကပ်မှန်ကိုလည်းကိုယ်တိုင်
တပ်ဆင်နိုင်ပါတယ် ကိုယ့်ဆံပင်ကိုယ် ကောက်နိုင်ပါတယ်။ သူ့မှ တရားဝင်ကားမောင်းလိုင်စင်လည်းရှိပါတယ်
ရေခဲပြင်လျှောစီးတာလည်း လုပ်နိုင်ပါတယ် စိတ်ပညာဘာသာရပ်နဲ့ ကျောင်းပြီးလို့ ဘွဲ့ရထားပါတယ်
ဒီလိုအခြေအနေမျိုးရဖို့ ဖြစ်လာဖို့ဆိုရင် ဘယ်လောက်တောင် သူဟာကြိုးစားခဲ့ရမည်လဲ ဇွဲကြီးစွာနဲ့ အကြိမ်ကြိမ် စိတ်
မပျက်ဘဲြိကိုးစားခဲ့ရလိမ့်မယ်ဆိုတာ တွေးကြည့်နိုင်ပါတယ် သူဟာ အများကြီးအားစိုက်ခဲ့ရပါတယ် ဇွဲကြီးခဲ့ရပါတယ်
လိုချင်စိတ် ဖြစ်ချင်စိတ်ကြီးမားခဲ့ရပါတယ်
ဒီလို ဘာကြောင့်လုပ်ဆောင်ခဲ့သနည်းဆိုတော့ သူဟာ သာမန်လူတစ်ယောက်အနေဖြင့် လေယာဉ်မောင်းလိုင်စင်ကို
ရယူချင်ပါက အချိန်ခြောက်လခန့် လေ့ကျင့်ရပါတယ် သူကတော့သဘာဝအတိုင်းခြေလက်ပါတယ်လေ
သူမကတော့ သုံးနှစ်ခန့် လေ့ကျင့်သင်ယူခဲ့ရပါတယ်။ သူများတစ်ကြိမ်ကြိုးစားရင် ရနိုင်တဲ့အရာကို သူက လေးကြိမ်ကြိုး
စားမှရခဲ့တာဖြစ်ပါတယ်
ဒီတော့ သာမာန်လူတွေကဲ့သို့ သူမဟာ အရာရာကို လုပ်ပြနိုင်တယ်ဆိုသော်လည်း သူ့အတွက်တော့သာမာန် လူတွေထက်
ပိုပြီး လုပ်ဆောင်မှရပါတယ် ဒီအတွက် သာမာန်လူတွေထက်ပိုပြီြးိကုးစားရပါတယ် ပိုပြီးတော့ စိတ်ရှည်ရပါတယ်
သူဟာငယ်စဉ်ကတည်းက သူ့အမေနဲ့အတူ ဆေးရုံတွေကိုလိုက်ပြီး အသက်ကြီးတဲ့ လူနာတွေကို စာဖတ်ပြတဲ့ အလုပ်ကို
လုပ်ပေးခဲ့တဲ့အတွက် စာပေဟာလည်း သူ့အတွက် အားအင်ဖြစ်စေခဲ့ပါတယ်
လက်နှစ်ဖက်လုံးမရှိသူကတောင် ဒီလောက်စွမ်းဆောင်နိုင်ခဲ့ပါတယ် ဆိုရင် ခြေတွေလက်တွေ အစုံအလင်ရှိနေတဲ့
သူတွေကလည်း တကယ်ကြိုးစားလုပ်ျေဆာင်မယ်ဆိုရင် များစွာ အောင်မြင်နိုင်တယ် ဆိုတာ ရိုးရိုးလေးတွေးကြည့်
ယုံနဲ့တင်သိနိုင်ပါတယ် ဘ၀ကို အရှုံးမပေးဘဲ ဆက်လက်ပြီး ဒိထက်ကြိုးစားလုပ်ဆောင်ကြပါစို့လို့ တိုက်တွန်းအပ်ပါတယ်
@nightboy
photo-google image