ကလေးငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းနဲ့ ခံစားချက်တို့ ဖွံ့ဖြိုးမှုက များစွာသက်ဆိုင်ပါသည်
စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရခြင်းဟာ ကလေးရဲ့ ခံစားချက်တွေ ဖွံ့ဖြိုးမှုတွေအပေါ် ကန့်သတ်ထားနိုင်ပါလေသည် သူတို့ရဲ့
ခံစားချက်တွေနဲ့ ခံစားချက်တွေကို အနီးစပ်ဆုံးဖော်ပြနိုင်တဲ့ စွမ်းရည်တွေအပါအဝင် သူတို့ရဲ့ ခံစားချက်တွေကို
ထိန်းချုပ်နိုင်စွမ်းတွေကိုပါ ကန့်သတ်ထားနိုင်တာကို လေ့လာတွေ့ရှိရပါသည်။
ကလေးတွေဟာ အိမ်မှာ အဆူခံ၊ အဆဲခံပြီး အရေးမပါဘူးလို့ သတ်မှတ်ခံထားရတဲ့ကလေးတွေဟာ တကယ်တော့
ကိုယ့်ကိုကိုယ်ယုံကြည်မှုပြဿနာတွေနဲ့ စိတ်အားငယ်တက်ခြင်းတွေ
ဒေါသကြီးတတ်တဲ့ ပြဿနာတွေကို ခံစားရတတ်ပါလေသည်
ကလေးတွေဟာ သူတို့ရဲ့မိဘတွေဆီက လိုချင်တဲ့ မေတ္တာတရားနဲ့ ဂရုစိုက်မှုကို ကို မရရှိတဲ့ကလေးတွေဟာဆိုရင်
နောက်ပိုင်းတွေမှာ ဘယ်လိုဖြစ်လာသလဲဆိုတော့ အခြားသူတွေနဲ့
ပေါင်းသင်းဆက်ဆံတဲ့အခါ ခိုင်မာတဲ့ သံယောဇဉ်ကို တည်ဆောက်နိုင်ဖို့ ခဲယဉ်းတာကို တွေ့ကြရပါလေသည်
လူတွေကို အလွယ်တကူမယုံတက်ကြတော့ပါဘူး လူတွေကို သံသယစိတ်နဲ့ ကြည့်လာတက်ပါတယ်
ကလေးတွေလိုပဲ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတဲ့ လူကြီးတွေဟာလည်း အခြားသော ကလေးဘဝအကြမ်းဖက်မှု
ပုံစံနောက်တစ်မျိုးကို ခံစားခဲ့ရသူတွေနဲ့ယှဉ်ရင် ဘဝကို ကျေနပ်မှုတွေ အရမ်းနည်းပါးပြီး အဆင့်မြင့် စိတ်ကျရောဂါနဲ့
ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ပိုပြီးခံစားရလေ့ရှိတယ်ဆိုတာ လေ့လာတွေ့ရှိရပါသည်။
ကလေးငယ်များကို စိတ်ထိခိုက်စေမည့် အပြုအမူများ မလုပ်မိအောင် သတိထားသင့်ပါလေသည်။
@nightboy
photo-google image