အခုတော့ ဝေးကွာခြင်းရဲ့အသိတစ်ခုက
ကြေကွဲခြင်းတွေကိုနားလည်ဖို့အတွက်
စိတ္တဇရဲ့အခန်းကျဉ်းလေးထဲမှာ
တစ်ယောက်ထဲထားရစ်ခဲ့ပြီလေ.....။
တစ်ခါလေ ဆိုးမိုက်တတ်တဲ့အကျင့်တစ်ခုကို
အမုန်းတွေနဲ့ လဲလှဲလိုက်ချင်တယ်
အချစ်မရှိတဲ့ရင်ခုန်သံတွေနဲ့
တွယ်ငြိနေတဲ့ချစ်သူအကြောင်းကိုစဉ်စားကြည့်တယ်
တကယ်တော့ အချစ်ဆိုတဲ့အမုန်းတွေကြာမှာ
ကြေကွဲခြင်းဆိုတဲ့နာကျင်မူ့တွေကို
ဘယ်သူတွေကထားရစ်ခဲ့သလဲ...။
မင်းထားရစ်တဲ့ ဘ၀မှာ
ဘာမှ မျှော်လင့်စရာ မရှိတော့ပါလား ချစ်သူရယ်