လူတွေဟာ အခြားသူများကို အတုယူပြီး သင်ကြားတက်မြောက်ကြတယ် လုပ်ဆောင်ကြတယ်
သင်ကြားခြင်းရဲ့ အခြေခံဖြစ်တယ် တုပခြင်းဟာ လိုအပ်ပါတယ် တစ်ခါတုန်းက လယ်သမားတစ်ဦးရှိလေသည်။
သူ့ထံတွင် လှပသောမြင်းတစ်ကောင်ရှိလေသည်။ တစ်နေ့မှာတော့ ထိုမြင်းလေးသည် ရေတွင်းထဲသို့ ပြုတ်ကျသွားပါ
သည်။ ဒါနဲ့ ထိုလယ်သမားလည်း မြင်းလေးကို ကယ်ဖို့အတွက် အကြံဥာဏ်ထုတ်မရဘဲ ရှိနေပါသည်။ မြင်းကလည်း အရွယ် အနည်း
ငယ်ရနေပြီဖြစ်လို့ ရေတွင်းကလည်း ပျက်စီးနေတာလည်းဖြစ်လို့ ကယ်ဖို့ အချိန်ယူပြီး စဉ်းစားမနေတော့ဘဲ ရေတွင်း
ကို မြေကြီးဖို့ပစ်ဖို့ ဆုံးဖြတ်လိုက်ပါလေသည်။ ဒါနဲ့ လယ်သမားကြီးလည်း အိမ်နီးနားချင်းတွေကို ခေါ်ပြီး အကူအညီ
တောင်းလိုက်ပါလေသည်။ သူတို့အားလုံး တက်ညီလက်ညီ နဲ့ေ၇တွင်းကို မြေဖို့ရန် စတင်လုပ်ဆောင်ကြပါလေသည်။
သူတို့ မြေကြီးတွေစဖို့တာနဲ့ တစ်ပြိုင်နက်တည်း မြင်းလည်းသူ့ကို လူတွေက သတ်တော့မှာဘဲဆိုပြီး ထိတ်လန့်စွာအော်
ပါလေတော့သည်။ သို့သော်လည်းခဏအကြာမှာတော့ မြင်းလေးသည် ပျော်ရွှင်စွာဖြင့် မြည်ဟီးပါတော့သည်။
ရေတွင်းထဲကို မြေကြီး အနည်းငယ်ဖို့ အပြီးမှာတော့ လယ်သမားကြီး သည် စူးစမ်းချင်တာနဲ့ ရေတွင်းထကြို ငုံကြည့်
လိုက်မိပါတော့သည်။ ထူးဆန်းတာကိုတွေ့လိုက်ရပါလေသည်။ သူတွေ့မြင်လိုက်ရသည့်မြင်ကွင်းကတော့ မြင်းကလေး
သည် သူ့ကျော်ပေါ်ကျလာသော မြေကြီးများကို ခါချနေခြင်းဖြစ်လေသည်။ ထိုမြေကြီးတွေပေါ်မှာ ပြန်ပြီး ရပ်နေခြင်း
ဖြစ်လေသည်။ မြေဖို့တာများလေ မြင်းလေးသည် တွင်းနှုတ်ခမ်းနဲ့ နီးလာလေဖြစ်လို့နေသည် လယ်သူမားကြိးနဲ့
အိမ်နီးနားချင်းအပေါင်းအပါတို့သည် အတော်ကြအောင် မြေကြီးများဖို့ အပြီးမှာတော့ မြည်းဟာ သူ့ကျော်ပေါ်က မြေကြီးတွေကို
ခါချလိုက် ထိုမြေကြီးတွေ အပေါ်တက်နင်းလိုက်ဖြင့် တဖြည်းဖြည်း တွင်းအ၀ကိုရောက်လို့လာနေပါတော့သည် သိပ်
မကြာခင်မှာဘဲ ရေတွင်းရဲ့ အပေါ်ဆုံးအထိကို ရောက်လို့လာပြီး ရေတွင်းထဲကနေ မြင်းကလေးသည် ဘေးကင်းရာသို့
လွတ်မြောက်သောအခြေအနေကို ရောက်ရှိလို့လာပါလေတော့သည်။ ဒီမြင်းလေးကို အတုယူခြင်းအားဖြင့်
လူ့လောကတွင်ရှင်သန်နေထိုင်ကျင်လည်ရာမှာ မြင်းလေးရဲ့ကျောပေါ်ကို မြေကြီးတွေကျသလို လူတွေရဲ့ ဘ၀အပေါ်
ကိုလည်း အခက်အခဲ အတားအဆီးများသည် ကျလို့နေပါလေသည်။ မြင်းလေးက သူ့အပေါ်ကျသော မြေကြီးများ
လှုပ်ခါလို့ ခြေနဲ့တက်နင်းသလိုဘဲ လူတွေကလည်း ကိုယ့်အပေါ်ကျလာသော အခက်အခဲအတားအဆီးများကို
လှုပ်ခါချနိုင်အောင်ကြိုးစားပြီးတော့ ဘ၀ရဲ့မြင့်မားသော အောင်မြင်မှုများကို နင်းတက်လို့ ရယူနိုင်ရန်ကြိုးစားရမည်
ဖြစ်ပါလေသည်။ အခက်အခဲဆိုတာ ခံယူဖို့မဟုတ်သလို နင်းခြေဖို့မဟုတ်ပါဘူး မြင့်မားတဲ့ ဘ၀ကိုရယူရန် တက်နင်း
ရမည့် အရာများဖြစ်သည်။ တက်နင်းပြီး အမြင့်သို့ လှမ်းနိုင်ကြရပါလေမည်။
@nightboy
photo-google image