အစွမ်းအစဆိုတာက အကန့်အသက်နဲ့ ရှိနေတာမဟုတ်ဘူးလို့ ဆိုကြတယ်အစွမ်းအစသည် အကန့်
အသက်မဲ့ဖြစ်သည်။ ဒါကြောင့် သင့်ကိုယ်သင် ဘောင်ခတ်ထားတာတွေမလုပ်ပါနဲ့ ဒီလိုလုပ်တာက အရမ်းကို
ဆိုးပါတယ် တစ်ခုခု မလုပ်နိုင်ဘူးလား။ အခက်အခဲ တစ်ခုကို မဖြတ်ကျော်နိုင်ဘူးလား ဒီလိုတွေကြုံလာရင်
မလုပ်နိုင်ဘူးလို့ မတွက်လိုက်ပါနဲ့ဦး အဲ့ဒီလို နိုးပါဆိုတဲ့ အတွေးက တွေးရတာ အရမ်းကို လွယ်ကူပါတယ်
လူတိုင်း လုပ်နိုင်ပါတယ် သူတစ်ပါးတွေလုပ်သလို လုပ်နေစရာမလိုပါဘူး ဒါတွေက တကယ်တော့ ဘာမှအသုံး
မ၀င်ပါဘူး။ သင့်ရဲ့ ကန့်သက်ထားမှု ဘောင်ထဲကနေ ထွက်နိုင်ဖို့အရင်လုပ်ပါ။ သင်ဟာဘယ်လို ကန့်သက်မှု
တွေထဲမှာ ပိတ်မိနေသလဲ ယဉ်တစ်ခု ကားဆိုပါတော့ သင်မမောင်းရဲဘူးလား။ ယနေ့ကစပြီး အဲ့ဒီကန့်သက်မှုကို
ရိုက်ချိုးလိုက်ပါ။ ချက်ချင်းပင် ကားမောင်းသင်တန်းကို စာရင်းသွားပေးလိုက်ပါ ကားမောင်းသင်ခြင်းကို စတင်ပြု
လုပ်ပါ။ ကားမောင်းနိုင်အောင် လုပ်လိုက်ပါ။ ဘာမှ တွေးမနေတော့ပါနဲ့ သင်တွေးရမှာက ကားမောင်းတက်ရမယ်
ကားမောင်းရဲရမယ်။ဒါပါဘဲ။ လူရှေ့ သူရှေ့မှာ သင်စကားမပြောရဲဘူးလား ချက်ချင်းဘဲ အတန်းရှေ့ အခန်းရှေ့
လူအများေ၇ှ့ကို ထွက်သွားပြီး တစ်ခုခုစတင်ပြောပြစ်လိုက်ပါ။ သူတို့က သင့်ကို ၀ိုင်းမရိုက်ပါဘူး။ထွက်တော့
မဆဲမိစေနဲ့ပေါ့နော်။ တကယ်ပြောကြည့်လိုက်တဲ့အခါ သင်ထင်ထားသလို ဆိုးဝါးတာတွေ ဖြစ်မလာဘူး
ဆိုတာ တွေ့ရပါမယ်။ အဲ့ဒီလို အခက်အခဲကို ရှေ့တည့်တည့်က ရင်ဆိုင်တဲ့နည်းသုံးပြီး ဖြေရှင်းပါ။ ထိပ်တိုက်
တွေ့တယ်ဆိုတာ ဒီလိုနေရာတွေမှာ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံရှင်းလင်းရတာပါ။
နောက်တစ်ချက်က သင့်အခြေအနေကို အရှိတိုင်းလက်ခံပါ။ ဒီအခြေအနေကတော့ သတ်တိရှိရပါမယ် အရေးကြီး
လို့ပါ။ သင်ဟာတော်သည်ဖြစ်စေ ညံ့သည်ဖြစ်စေ ဖြူသည်ဖြစ်စေ မဲသည်ဖြစ်စေ အရှိကို အရှိအတိုင်းလက်ခံရဲဖို့
လိုပါတယ် မညာပါနဲ သူတစ်ပါးကိုလည်း မညာပါနဲ့ မိမိကိုယ်ကိုလည်း မညာပါနဲ့။ရင်ဆိုင်ပါ ရိုးသားပါ။ လက်ခံပါ
သင့်ရဲ့ စိတ်မလုံခြုံမှုကိုဖွင့်ဟထားပါ။ ဒါဆိုရင် သင့်ရဲ့ မလုံခြုံမှုတွေက သင့်ကို မခြောက်လှန့်တော့ပါဘူး။
သင့်ရဲ့အရှိတိုင်းလက်ခံလာမှုအပေါ်မှာ သင့်လိပ်ပြာက သင့်ကိုကူညီပါလိမ့်မယ်။ သင့်ရဲ့စိတ်ဟာတည်ငြိမ်လာပါ
လိမ့်မယ်။ ယုံကြည်မှုတွေ မွေးဖွားပေးပါလိမ့်မယ်။ ယုံကြည်မှုက လူတွေကို ကျက်သရေတိုးစေပါတယ် ချောလာစေ
ပါတယ်။ကြည့်ကောင်းစေပါတယ် ရူပါတက်လာတယ်လို့ လူတွေပြောတယ်မဟုတ်လား ဒါက သင့်ကိုယ်သင် ယုံကြည်
မှု ရှိလာတယ်လို့ ဆိုလိုရင်းသာဖြစ်ပါတယ်။ သင့်ရဲ့ ဘောင်ထဲကနေ ယနေ့ကစ ထွက်ပြီးနေပါ အပြင်လောကကြီးက
ကျယ်ပြောပါတယ် အဆုံးအစမဲ့သော အစွမ်းအစတွေက အောင်မြင်မှုတွေက အပြင်လောက မှာ ရှိနေတာဖြစ်ပါတယ်
@nightboy
photo-google image