အမှတ်တရည

nightboy(56)
Published in
#busy
Words
55
Reading
1 min
Listen
Play
8y

သူ့နားထဲသို့ မပီဝိုးတ၀ါးနှင့်လေချွန်သံ ခပ်သဲ့သဲ့သည် ဆောင်းလေနှင့်အတူ တရုတ်ကတ်မှန်များ အကြားမှ တိုးဝင်လာ၏။
ထိုအခါ နံရံရှိ တိုင်ကပ်နာရီကို အမှတ်မထင် မော့ကြည့်ရင်း မောင်ပြန်လာတာဟု လွှတ်ခနဲ တွေးမိသွား၏။
အို ... ငါ့နှလုံးသားထဲက မြတ်မြတ်နိုးနိုး ခေါ်တဲ့ 'မောင်' ဆိုတဲ့ စကားဟာ သူနဲ့ လုံးဝ မတန်ပါဘူး။
ဒါကို ခဏခဏ သတိထားစမ်းပါ။ ကြည့်စမ်းပါဦး၊ ညဆယ့်နှစ်နာရီကျော်ဆယ့်နှစ်နာရီ နာရီခွဲ ဆိုတာ ယောက်ျား တစ်ယောက်
ဖောက်ပြန်ဖို့ အကောင်းဆုံးအချိန် ဖြစ်မှာပေါ့ဟု ထင်မိသည်ထိုအခိုက်အတန့်မှာပင် ခြံဝန်းတံခါးနှင့် ဆက်သွယ်ထားသော
နိုင်လွန်ကြိုး၏ လှုပ်ရှားမှုကြောင့် ဧည့်ခန်းမှာ ချိတ်ဆွဲထားသည့် သံစုံခေါင်းလောင်း ကလေးများ အသံထွက်ပေါ် လာသည် စိတ်မှာ ခြောက်ခြားလို့လာပါတော့သည်
ညနက်သည့်အချိန်တိုင်း အမှတ်ရနေစေရန် အကြောင်းတို့သည် ရှိနေပါတော့မည်

အမှတ်တရည | Ecency