ကျနော်နှင့် 999 dice စတင်ကစားဖြစ်ခဲ့ပုံ

Words
189
Reading
1 min
Listen
Play
9y


ကျနော်နှင့် dice စတင်ကစားဖြစ်ခဲ့ပုံ
ငွေရှာနည်းများကို googleမှာ အမိုးမိုး ရိုက်ရှာလိုက် ဝက်ဆိုဒ်က စာတွေဖတ်လိုက်နဲ့ စူးစမ်းရှာဖွေခဲ့ပါသည်။တစ်လလောက်ရှာရင်း ရှာရင်းနဲ့ ငွေရှာသည့်ဆိုဒ်ကို အသုံးပြုနည်းနှင့်တကွ googleမှ တွေ့ရှိလာပါတော့သည်။
ဤမှတဆင့် email ဖုန်းနံပါတ်စသည်တို့အား ဖော်ပြထားသည့်အတွက်ကြောင့် ဖုန်းဆက်ပြီး ဆက်သွယ်ခဲ့ပါသည်။အမှန်တိုင်းပြောရရင် လူလိမ်နှင့် တွေ့မှာကိုလည်း ကြောက်ရွှံ့ခဲ့ပါသည်။ထိုအချိန်ခါ၌
မြန်မာနိုင်ငံမှာ online- ငွေရှာတဲ့သူ အလွန်နည်းနေသေးသည့် အချိန်ဖြစ်ပါသည်။ငွေတကယ်ရပါသည်ဟု သက်သေပြနိုင်တဲ့သူ မတွေ့ခဲ့ရပေ။
ဘာကြောင့်မှန်းမသိ onlineငွေရှာနည်း ရှိကိုရှိရမည်ဟု ယုံကြည်နေမိသည်။ဖုန်းဆက်ပြီး ဆက်သွယ်သည့် အခါမယ် ငွေရင်းပြီးလုပ်ရင် အဆင်ပြေမည်ဟု ပြောပါသည်။မရင်းနိုင်လည်း freeလုပ်ရင်းနှင့် များလာအောင်စုပါ ဒီငွေကို ပြန်ရင်းပါ အပြင်လုပ်ငန်းအဆင်ပြေတော့ ထည့်ပြီးရင်းပေါ့ဟု နည်းလမ်းအားပြောပြပါသည်။
facebookမှာ friendဖြစ်ပြီး တစတစနဲ့သဲလွန်စ ရှာလာလိုက်တာ။ ငွေရှာနည်းgroupများအား တွေ့ရှိလာခဲ့ပါတော့သည်။group မှာတင်တဲ့ ပိုစ့်တွေကိုလိုက်ဖတ်ပါသည်။လိုက်လုပ်ပါသည်။မသိတာ အခက်ခဲ ဖြစ်နေတာတွေကိုလည်း မမေးရဲခဲ့ပါ။
ဒီလိုနဲ့ လအနည်းငယ်ကြာလာတော့
investဆိုဒ်တွေလုပ်ရင်းနဲ့ friendတယောက်နဲ့အရမ်းရင်းနှီး လာခဲ့ပါတယ်။ဒီအချိန်မှာပဲ 999 diceကစားနေသည့် အကိုတစ်ယောက်ကို တွေ့ခဲ့ပါသည်။ အနိုင်ရသည့် potoနှင့်အတူ ရထားစီးရင်းလည်းဆွဲတယ် ကားစီးရင်းလည်းဆွဲတယ်စသည်ဖြင့် ဒီနေ့နားပြီး ၁၀-သိန်းရတယ် သိန်း၂၀-ရတယ် ပြောပြောတင်သည်ကို နေ့စဉ်တွေ့လာတော့ စိတ်ဝင်စား လာခဲ့ ပါတော့သည်။စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါသည်။ဘာမှန်းတော့မသိခဲ့။(သူပြောတဲ့ ၁၀-သိန်း သိန်း၂၀-ဆိုတာ မြန်မာငွေမဟုတ်ပဲ(satoshi)နဲ့ပြောမှန်း မခဲ့ပေ။)ထိုအချိန်ခါ2014ခုနှစ်မှာ
bitcoinဈေးမှာ 1BTC -$350ကျော်ပဲရှိပါသေးသည်။PTCဆိုဒ်တွေမှာ ငွေရှာရင် 1USDရဖို့ မလွယ်ကူလှပေ။
menber ရှာနိုင်မှ အဆင်ပြေတဲ့ခေတ်ပါ။ကိုယ်တိုင် အေးဆေးရှာလို့ ရမယ့်ဆိုဒ်မိုးကို တောင့်တခဲ့မိသည်။
နေ့စဉ် ငွေရှာgroupမှာတင်သမျှ ပို့စ်ကို commentတွေက အစလိုက်ဖတ်ပြီးလေ့လာခဲ့ပါသည်။myanmar ptc
ဆိုဒ်ကိုတွေ့ပါတော့သည်။ကြော်ငြာကလစ်ပြီးငွေရသလို ခေါင်းပန်းလှန်ဂိမ်းကစားရင်းနှင့်လည်း ငွေရှာလို့ရပါသည်။ကြော်ငြာ ကလစ်ပြီးရလာတာနှင့်လည်းဆော့သလို ဖုန်းဘေ deposit တင်ပြီးလည်းဆော့ခဲ့ပါသည်။ခေါင်းနဲ့ပန်းနှစ်မိုးထဲက ခေါင်းဘယ်နှစ်ကြိမ်ကျပြီးရင် ပန်းဘယ်နှစ်ကြိမ်ကျစသည်ဖြင့် အမိုးမိုးစိတ်ကူးပြီး စာအုပ်နဲ့ရေးမှတ်ပြီးမှတ် ကစားခဲ့ပါသည်။
ဤမှတဆင့် 999 diceကို စတင်လှုပ်ရှားလာပါတော့သည်။ကျနော်နဲ့ ရင်းနှီးသည့် friendဆီမှ 999 dice register လုပ်နည်း 95%နှင့်ဆတင်ကစားသည့်နည်းများ ပါဝင်သည့် pdfကို ရရှိခဲ့ပါသည်။နေ့စဉ် 999 dice profitတွေ တင်သည့် အကို့ထံ ချည်းကပ်ပြီး သူ့အထံမှပဲ BTCအား ဝယ်ယူခဲ့ပါသည်။95% ဖြင့် 0.0002ထိုး / နီရင်0.005 တချက် ရဲရင် နှစ်ချက်ဆက်ဆွဲ/ ထပ်နီရင် 0.02 ကျန်တာဥာဏ်ရှိသလိုဆက်ဆွဲ စသည့် ကစားသည့်နည်းကို ရခဲ့ပါသည်။တနေ့လုံးတညလုံးကစားခဲ့တာ ပွဲဦးထွက်မှာပဲ 1BTCကိုရခဲ့ပ့ါသည်။
1BTCကို USD ဘယ်လောက်ရှိမှန်းလည်း မသိခဲ့ပါ။ အကိုရေ ကျနော်တော့ ဒီလောက်နိုင်ပြီ "ဟာ...ညီဘယ်လိုများ ကစားလိုက်လဲကွာ။ အကိုဝမ်းသာတယ် groupမှာ ပို့စ်တင်ကွာပြောပါသည်"။ဒီအကိုက ကျနော့်ရဲ့ လက်ဦးဆရာလို့ ပြောလို့ရသည်။ကျနော့်ကို လက်တွဲ ခေါ်ခဲ့သည့် ဆရာပဲဖြစ်ပါသည်။ဘာ့ကြောင့် နိုင်လဲ အဖြေရှာတော့ myanmar ptcဆိုဒ်က ခေါင်းပန်းလှန်ဂိမ်းကို ကစားခဲ့သည့်အရှိန်သတ္တိကြောင့်လို့ ထင်မြင်မိပါသည်။
အပြင်မှာ ဖဲရိုက် နှစ်လုံးထီ သုံးလုံးထီ
ဂျင်ထိုးခြင်း စသည့် လောင်းကစားများ
ပြုလုပ်သည့် လောင်းကစားသမား မဟုတ်ပါ။onlineမှာ ငွေရှာခြင်းပဲ ဖြစ်ပါသည်။

ကျနော်နှင့် 999 dice စတင်ကစားဖြစ်ခဲ့ပုံ | Ecency