အခက်အခဲနဲ့ တွေ့ကြတဲ့အခါ လူတွေသည် စိတ်ဓါတ်ကျတက်ပါသည် စိတ်ဆင်းရဲ
တက်ပါသည်။ တကယ်တော့ စိတ်ဓါတ်ကျတယ်ဆိုတာက လောကတစ်ခုလုံးမှာ
ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး ကိုယ်တွေစိတ်ဓါတ်ကျနေသလို သူတစ်ပါး
တွေလည်း စိတ်ဓါတ်ကျနေပါတယ် ကျတက်ပါတယ် ဒီလိုဖြစ်တာကို ရောဂါတစ်ခုလို
ခံစားနေရသူတွေတောင် ရှိလို့နေပါတယ် လူတိုင်းစိတ်ဓါတ်ကျတက်တယ်ဆိုတော့
ဒါဟာ လူ့သဘာဝဖြစ်စဉ်ထဲက တစ်ခုအနေနဲ့တောင် ရှိနေတဲ့သဘောလည်းဖြစ်ပါတယ်
ဒီအတွက် သင်စိတ်ဓါတ်ကျနေပြီလို့ ခံစားရရင် အားမငယ်ပါနဲ့ အဖော်တွေရှိပါတယ်
သင့်ရဲ့ စိတ်ဓါတ်ကျဖော်တွေလို့ တွေးကြည့်ပါ ဒါဆိုသင် အရင်ကလို အားငယ်တော့
မှာ မဟုတ်တောင် အတော်အတန်တော့ စိတ်သက်သာရာရသွားပါတယ် လူဆိုတာ
တစ်ယောက်တည်းဆိုရင် အားငယ်တက်တယ်လေ အဖော်တွေရှိနေတယ်လို့ခံစား
ရလာရင် တော့ အားရှိလာတက်ပါတယ်။ စိတ်ဓါတ်ကျတာက အစွဲတစ်ခုလို ကိုယ့်ထံ
မှာ စွဲကပ်မနေစေရန်တော့ ဂရုပြုရပါတယ် အစွဲဖြစ်လာရင် ဖြတ်တောက်ရတာ ခက်ခဲတက်လို့ပါ။ စိတ်ဓါတ်ကျတိုင်းလည်း ရောဂါမဟုတ်ပါဘူး
အဆင်မပြေတိုင်းလည်း စိတ်ဓါတ်မကျပါနဲ့ အဆင်မပြေခြင်းတွေက ဖြစ်စဉ်တစ်ခု
လို ဖြစ်နေတာပါ ဒီအပေါ်မှာ လိုက်ပြီး စိတ်ဓါတ်ကျနေရင် သင့်ဘ၀က ပျော်စရာကောင်းတော့မှာ မဟုတ်ဘူးလေနော်။
သင့်မှာ ငွေမရှိလို့စိတ်ဓါတ်မကျပါနဲ့ သင့်ရဲ့ ချစ်သူနဲ့ အဆင်မပြေလို့ မိသားစုတွေနဲ့
အဆင်မပြေလို့ စိတ်ဓါတ်မကျလိုက်ပါနဲ့ သင့်မှာ အလုပ်မရှိသေးလို့ အလုပ်ပြုတ်လာ
လို့ စိတ်ဓါတ်မကျလိုက်ပါနဲ့ သင့်ထက်အဆပေါင်းများစွာ ချမ်းသာသူ အဆင်ပြေသူ
တွေလည်း သူ့အခက်အခဲနဲ့သူ ရှာကြံပြီး စိတ်ဓါတ်ကျနေကြပါတယ် စိတ်ဓါတ်ကျတယ်ဆိုတာ စိတ်ခံယူချက်နဲ့သာ သက်ဆိုင်ပါတယ် ကိုယ်ကမခံယူရင်
ဘာမှ ကိုယ့်ကို ရိုက်ခက်မှု မဖြစ်စေပါဘူး။ ဖြစ်စဉ်အနေနဲ့သာ တွေးကြည့်ပေးပါ
@naymyoko
photo-google image