ပြောင်းလဲခြင်း တရားကို လူတွေကကြောက်လန့်ကြပါတယ် ဒါပေမယ့်ပြောင်းလဲ
ခြင်းက အစဉ်အမြဲရှိနေမှာ ဖြစ်ပါတယ် ကိုယ်တိုင်က ပြောင်းလဲသည်ဖြစ်စေ
တစ်ပါးသူက ပြောင်းလဲသည်ဖြစ်စေ ဒါဟာ သဘာဝတရား သဘာဝနိယာမ တရား
ဖြစ်ပါတယ် ဒါကို လက်ခံကြရမှာပါ။ စိတ်က အရာရာပါဘဲ ဥပမာ် သင်ကြုံဖူးလား
သင်မှန်ထဲကြည့်လိုက်တော့ တစ်ခါ တစ်လေ မှာ ချောနေတက်တယ်လို့ သင်ထင်
နေတယ်မဟုတ်လား ဒီလိုအခါမျိုးမှာ ကိုယ့်ကိုကိုယ် အားရနေတက်တယ်လေ။ လူရှေ့ သူရှေ့ကို ထွက်တော့လည်း ယုံကြည်မှု အပြည့်နဲ့ ထွက်နိုင်ပါတယ် အဲ့ဒီ
လိုနေ့မျိုးဆို ဘာဘဲ လုပ်လုပ် အောင်မြင်နေတက်တာများပါတယ် ဒါပေမယ့်လည်းလေ မှန်တွေကြည့်ပြီး ကိုယ့်အပြစ်ကိုယ် အရှာကြဆုံး လူသား မျိုးနွယ် တွေလေ နှာခေါင်းမလှဘူး နားရွက်ကားတယ် မျက်လုံးက ဆွေတယ် ကိုယ့်ကိုယ်ကို ကဲ့ရဲ့ပြီး စိတ်ဓါတ်ကို အောက်ဆုံး ထိဆွဲချလိုက်ကြပါတယ်။
ထိုနေ့မျိုးဆိုရင်တော့ ဒိတ်ဓါတ်တွေ ကျနေတက်ပါတယ် ကိုယ့်ကိုယ်ကို ယုံကြည် မှုက ကျသြွးတယ် အကျိုးဆက်အနေနဲ့ တစ်နေ့လုံး ကို ဘာလုပ်လုပ် အဆင်မပြေတော့ဘူးလေ။
ဒီလိုအခြေအနေကို ပြန်သုံးသပ်ကြည့်ရအောင် သင်ရုပ်က ဒီရုပ်ပါဘဲ ပြောင်းသွားတာက သင့်စိတ်ပါ။ သင့်စိတ်က သင့်ကိုအကျဉ်းချလိုက်ပါတယ်
သင်ကလည်း အကျဉ်းချခံရအောင် ကို မဖြစ်မနေ လိုက်ပြီးတော့ တွေးတယ်လေ စိတ်ကအရာရာပါဘဲ အလိုအလျှောက် လေထဲမှာ လွင့်မျောနေတဲ့ တိမ်တွေကိုလည်း ဆင်ရုပ်တွေ ကျားရုပ်တွေ ငါးရုပ်တွေ နဂါးရုပ်တွေ အဖြစ် မြင်ကြည့် တက်လို့ရတယ် မဟုတ်လား ညဘက်ခေါင်းရင်းမှာ ထောင်ထားတဲ့ ဖျာလိပ်ကြီးကိုလည်း သရဲလို့ တွေးပြစ်လိုက်လို့ရတယ် အဲ့ဒီတော့ သေချာပြန်ပြီး စဉ်းစားရင် ပျော်ရွှင်မှုရဖို့ဆိုတာ စိတ်ကို ပြင်ဆင်ရမယ်မဟုတ်ဘူးလားပိုက်ဆံမဟုတ်ပါဘူးနော် ပိုက်ဆံနဲ့ ညီမျှခြင်းချချင်ရင်လည်း ရပါတယ် ဒါပေမယ်ပအဲ့လို စဉ်းစား
ရင်တော့ စိတ်ချမ်းသာဖို့ ပိုက်ဆံ အရင်ရှာကြည့်လိုက်ပါ လို့ တိုက်တွန်းချင်ပါတယ်
@naymyoko
photo-google image