ငယ်စဉ်အခါက ဘ၀လေးများ

naymyoko(42)
Published in
#busy
Words
92
Reading
1 min
Listen
Play
8y

z0ixwb3nkd.jpg

ဆင်းရဲ နွမ်းပါးတဲ့ မိဘ အသိုင်းအ၀ိုင်းအတွင်းမှာ နေထိုင်ကြီးပြင်း မွေးဖွားလာသူများ
ကလည်း တစ်နေ့ တစ်ချိန်မှာ အောင်မြင်ကြီးပွားလို့လာ နိုင်ပါတယ် ဒီလိုအောင်မြင်
ကြီးပွားလာသူတွေနည်း မှမနည်းရှိကြပါတယ် တကယ်ကို တော်သော သူများဖြစ်ပါတယ် သူတို့ဟာ လောကရဲ့ အထုအထောင်းမှန်သမျှကို အံတုရင်ဆိုင်
ကျော်ဖြတ်၇င်း အဆင်မပြေခြင်းတွေကို အဆင်ပြေအောင် ကျော်ဖြတ်ရင်းနဲ့ ကြိုးစား
ရုန်းကန်ကာ တစ်နေ့မှာတော့ အောင်မြင်ခြင်း သရဖူကို ဆောင်းနိုင်ခဲ့ကြတာဖြစ်
ပါတော့သည်။ တစ်ချို့ကတော့ ငယ်ငယ်က မိဘတွေဆုံးပါးလို့ သွားကြတယ်
ဒါပေမယ့်လည်း သူတို့ဟာ ဘ၀ကို အားမငယ်အောင် နေတက်ကြပါတယ်
ဦးလေးဒေါ်ကြီးတွေထံမှာ နေထိုင်ရင်းနဲ့ ဘ၀ကို ကြိုးစားရုန်းကန်ကြပြန်ပါတယ်
တစ်ချို့ကတော့ မိဘတွေ ချမ်းသာကြတယ်လေ ရာထူးကြီးကြီးတွေနဲ့ သူတို့မိဘတွေက အဆင်ပြေသူတွေပေါ့ ဒါပေမယ်လည်း မိဘက ချစ်လွန်းလို့ အလို
လိုက်တာကနေ ပေါ့လျှော့စွာ ဘ၀ကို ဖြတ်သန်းကြရင်း တစ်နေ့တစ်နေ့ အလကား
အချိန်တွေ ကုန်လွန်စေမိကြတယ် အပေါင်းအသင်းများနဲ့ သွားလိုက်လာလိုက်နေရင်း
ကနေ ဘ၀ရဲ့ အကျိုးရှိစွာ သုံးရမယ့်အချိန်တွေကို ဖြစ်သလိုနေထိုင် ဖြတ်သန်းမိတော့
သိပ်မကြာခင်အချိန်တစ်ခုရောက်တဲ့အခါ မိဘတွေ မျက်ကွယ်ပြုသွားတဲ့အခါ
အားကိုးစရာမရှိတော့တဲ့ တစ်နေ့မှာတော့ ဘ၀ရဲ့ ခါးသီမှုတွေကို ခံစားကြရပါတယ်
ဘ၀ကို နဖူးတွေ့ ဒူးတွေ့ တွေ့ရတဲ့အခါ စိတ်ပျက်အားငယ်စွာနဲ့ဘဲ ဆင်းရဲချို့တဲ့စွာ
နေထိုင်သွားကြရတဲ့သူတွေလည်း ရှိနေကြပါတယ်

naymyoko@naymyoko
photo - google image