မလွတ်ပါလား

naymyoko(42)
Published in
#busy
Words
114
Reading
1 min
Listen
Play
8y

38nejiij12.jpg

အလုပ်တစ်ခုကို အာရုံစိုက်နေရတာနဲ့ဘဲ ကျန်သောအရာတွေ ချမ်းသာမှုလေးတွေ ဒီနေရာမှာတော့
စိတ်ချမ်းသာမှုပေါ့။ ပျော်ရွှင်ခြင်းတွေကို သတိထမားမိတော့ဘူး သတိမထားနိုင်တော့ဘူးလေ
တစ်ချို့က အဲ့ဒီလိုပါဘဲ ကိုယ့်ဘ၀ရဲ့ အလုပ်တစ်ခုကိုဘဲ အားသွန်ခွန်စိုက် လုပ်ဆောင်နေချိန်မှာ
ပတ်ဝန်းကျင်က ငှက်ကလေးတွေရဲ့ တေးဆိုသံတွေကို မခံစားမိလိုက်ကြတော့ပါဘူး။ တစ်ချို့ကလည်း
ကိုယ်မနိုင်တဲ့ ကျောက်တုံးကြီးဖြစ်နေသည့်အတွက် အောက်ကို ဒလိမ့်ခေါက်ကွေး ပြုတ်ကျပါတော့
တယ် တစ်ချို့ကလည်း ချွေးသံတရွဲရွဲနဲ့ တစ်ချို့ကတော့ ထိပ်ဆုံးကို အောင်မြင်စွာ ရောက်သွားကြ
ပါတယ်လေ။ ဒါပေမယ့်လည်းလေ နောက်ထပ်တက်ရမယ် တောင်တွေက အများကြီးရှိနေမှန်းကိုတော့
အဲ့ဒီ ထိပ်ဆုံးရောက်တဲ့ တောင်ပေါ်ရောက်ခါမှ သူ့ထက်မြင့်တဲ့တောင်တွေ များစွာ ကျန်သေးတယ်ဆို
တာကို သူတို့ အလန့်တကြားဘဲ တွေ့လိုက်ကြရတယ်လေ။
ငွေနဲ့ ထပ်တူပြုထားတဲ့ အောင်မြင်မှုတွေဟာ သူတို့နောက်ကိုလိုက်ရင်းနဲ့ ဘ၀မှာအ ရေးကြီဆုံးသော
အရာတွေကို သူတို့ အားလုံးဆုံးရှုံးလိုက်ကြရပြန်ပါလေသည်။
ပိုက်ဆံက အရေးမကြီဘူးလားလို့ မေးစရာရှိပါသည်။ ကြီးပါသည် အတော်ကိုကြီးပါသည်။ ဒါပေမယ့်လည်း
အရာအားလုံးကိုတော့ မလွှမ်းမိုးနိုင်သေးပါဘူး။ အရာအတော်များများကိုတော့ သူက ထိန်းချုပ်နိုင်ပါလေ
သည်။ သူက ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့ တစ်ခုတည်းသော အကြောင်းရင်းတော့ မဟုတ်ခဲ့ပါဘူး
သူက အစိတ်အပိုင်း တစ်ခုထက်မပိုပါဘူး သတ်မှတ်တဲ့သူအပေါ်မှာ တော့မူတည်တာပါဘဲ သင်ကပိုက်ဆံ
သည် သာ ပျော်ရွှင် မှုကို ဆောင်ကြည်းပေးနိုင်တဲ့ အရာလို့ သတ်မှတ်ရင်တော့ ပိုက်ဆံတွေ ရျာပြီး ပျော်

72jk7fu99f.jpg
ရွှင်အောင်နေစမ်းကြည့်နိုင်ပါလေသည်။
ဒီလိုမဟုတ်ပါဘဲ ပိုက်ဆံက အရာရာမဟုတ်ပါဘူးလို့ သင်ယူဆနေမယ်ဆိုရင်တော့ သင့်ဘ၀လမ်းမှာ
လက်တွေ့ကျသော သင်ခန်းစာ စစ်စစ်တွေကို ကိုယ်တိုင်ရင်ဆိုင်ပြီးတော့ ဖြေရှင်းကြည့်ရဦးမှာဖြစ်ပါတယ်
သူတစ်ပါးရဲ့ အရိပ်အောက်မှာ နေထိုင်ပြီး အခက်အခဲတွေကို ပူပန်ရန်မလိုဟု ဖြေရှင်းနေတာကတော့
တကယ့်ဘ၀နဲ့ များစွာကွာခြားနေဦးမှာ ဖြစ်ပါတယ် အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်
naymyoko@naymyoko
photo-google image

မလွတ်ပါလား | Ecency