ခြေရာဆိုသည်မှာ ထင်ကျန်ရစ်သော သဘောရှိပါသည်။ ခြေရာထင်ကျန်နေသည့်အတွက်အတိတ်
တို့သည်။ သက်သေပြုခြင်းလည်း မည်ပါလေသည်။ ခြေရာဆိုတာကတော့ အိပ်နေသူ ဘာမှမလုပ်သူ
အတွက်တော့ ဘာမှကို အသုံးမ၀င်သောအရာဖြစ်သည်။ သူ့အတွက်ခြေရာသည်လည်း မရှိနိုင်ပါလေ
ပြီ ခြေရာဆိုသည်မှ လှုပ်ရှားရုန်းကန်နေသူအတွက်သာဖြစ်ပါလေသည်။ ခြေရာသည် ရှင်သန်နေသူ
အတွက်သာဖြစ်ပါလေသည်။ ၀ီရိယမရှိသူ ငပျင်းများအတွက် ခြေရာဆိုသည်မှာ ဘာမှအသုံးမလိုသော
အရာလည်း ဖြစ်နေပြန်သည်။ ခြေရာလေးတစ်ခုသည် ရှင်သန်မှုလေးတစ်ခုဖြစ်သည်ကို သက်သေပြု
လေသည်။ လူ့လောက ဖြစ်စဉ်အားလုံးတို့သည် လှုပ်ရှားရုန်းကန်ခြင်းမှာသာ တည်မှီပါလေသည်။
လှုပ်ရှားရုန်းကန်သူအတွက် ခြေရာသည် မဟာဆုလာဘ်လည်း ဖြစ်မည်။
သေချာတွေးကြည့်တော့ လူလေကဆိုတာက လူ့ဖြစ်စဉ်ဆိုတာက အချစ်ရယ် အမုန်းရယ် ဖွဲစည်း
ထားခြင်းသာဖြစ်လေသည်။ အမှားနဲ့အမှားနဲ့လည်း တည်ဆောက်ထားတာမဟုတ်ဘူးလို့
ဆိုသူကဆိုပါလေသည်။ တကယ်တော့ အကြောင်းမဲ့ ဖြစ်ပေါ်နေသောအရာတော့မဟုတ်ပါဘူး
အကြောင်းပြချက် ကောင်းကောင်းတော့သူ့မှာရှိနေနိုင်ပါသည်။ လောက ခြေရာတွေထပ်နေလည်း
ကိုယ့်အတွက် မဟုတ်ခဲ့လျှင်တော့ ဒါဟာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော သမိုင်းစာအုပ်ထူထူကို
လှန်လှောဖတ်ရှုနေရသည်နှင့်သာ တူညီနေပေလိမ့်မည်ဖြစ်ပါသည်။
ကိုယ့်အတွက်ခြေရာလေးတွေ ဟောဒီလောကအလယ်မှာချိန်ထားရစ်ခဲ့ကြရအောင်ပါ
@naymyoko
photo-google image