ရွေးချယ်လုပ်ဆောင်ရမယ်

naymyoko(42)
Published in
#busy
Words
65
Reading
1 min
Listen
Play
8y

Pictofigo_-_Idea.png

လူတွေကအမှားတွေလုပ်ကြတယ် ပြီးတော့မှန်တဲ့အရာတွေကို ရွေးချယ်ကြတယ် တဖြည်းဖြည်း မှန်တာကိုလုပ်ကြတယ် ဒီလိုနဲ့ လူ့လောကကြီးက ဖွံ့ဖြိုးတိုးတက်
လာပါတယ် အချို့သူတွေကတော့ သူတို့မှာ ရှိတာကို တန်ဖိုးမထားတက်ကြပါလေ
ဖုန်းအသစ်လေးထွက်လာရင်လိုချင်လာကြတယ် မကိုင်နိုင်တော့ စိတ်ဆင်းရဲ
ကိုယ်ဆင်းရဲ ခံစားချက်တွေဖြစ်လာတယ်။ ဖုန်းတွေ မကိုင်နိုင်ခင်တုန်းက ဖုန်းစ
ကိုင်တုန်းက ခံစားချက်ကို တဖြည်းဖြည်းမဟုတ်ဘဲ လွယ်လွယ်နဲ့ မေ့ပြစ်ကြပါသည်
ကိုယ့်အိမ်ရဲ့ အေးချမ်းပျော်ရွှင်ခြင်းတွေကိုလည်း အဝေးရောက်မှ သတိရတက်
ကြတယ် တမ်းတ တန်ဖိုးထားတက်ကြတယ် အိမ်မှာနေတုန်းအချိန်အခါမှာ
အဲကွန်းမရှိတာတွေ အထပ်မြင့်တာတွေ ဓါတ်လှေကားမပါတာတွေ လိုအပ်ချက်တွေကို လက်ချိုးရေတွက်ကြတယ် ဆင်ခြေအမျိုးမျိုးကို မပြီးနိုင်အောင်
ပေးတက်ကြတယ် ကျန်းမာခြင်းကိုလည်း နေကောင်းကျန်းမာနေတုန်း သတိမရ
တက်ကြဘူး သတိမထားတက်ကြဘူး မကျန်းမမာဖြစ်ကာမှ နေထိုင်မကောင်း
ဖြစ်ကာမှ ကျန်းမာခြင်းကို တန်ဖိုးထား နားလည်တက်ကြတယ် ပုံမှန်အတိုင်း
နေထိုင်ကောင်းနေချိန်မှာ ကျန်းမာခြင်းတန်ဖိုးကိုနားမလည်ကြပါဘူး
ဒါတွေကိုကြည့်ခြင်းအားဖြင့် ကိုယ့်မှာ ရှိနေတာလေးတွေကို တန်ဖိုးထားတက်
ဖို့လိုပါတယ်ဆိုတာလေးကို တွေ့မြင်နိုင်ပါလေသည်
naymyoko@naymyoko
photo-google image

ရွေးချယ်လုပ်ဆောင်ရမယ် | Ecency