စိုးရိမ်စိတ်ကတော့ ဘ၀ရဲ့ စိတ်ချမ်းသာမှုတွေကို ဖျက်ဆီးတက်ပါတယ်
တင်ကြို စိုးရိမ်ပူပန်ရခြင်းက တကယ်တော့ အလွန်ပင်ပန်း ဆင်းရဲပါတယ်
မဖြစ်လာနိုင်တာသေချာနေတာတောင် စိုးရိမ်စိတ်က ဖိစီးနေတက်ပါတယ်
ဘ၀ရဲ့ ခက်ခဲခြင်းတွေရဲ့ ခြောက်လှန့်မှု တစ်ခုအနေနဲ့လည်း မြင်နိုင်ပါတယ်
အမှန်တကယ် ဖြစ်လာသောအရာတွေက စိုးရိမ်စိတ်ကြောင့် ပူပန်ရခြင်း
သာဖြစ်လိမ့်မယ် ဆိုတာကို တင်ကြိုသိနိုင်ခဲ့ရင် ဆင်ခြင်နိုင်ခဲ့ရင်
အဲလောက် စိတ်ဆင်းရဲစရာကောင်းတာတွေကို တွေးနေမိမှာ မဟုတ်ပါဘူး
နောက်အခါ ဘာဘဲကြုံလာကြုံလာ စိုးရိမ်စိတ်ကို အရင်ဆုံး အဆုံးသက်နိုင်အောင်
ကြိုးစားရတော့မှာ ဖြစ်ပါတယ် စိုးရိမ်ပူပန်ခြင်းနဲ့ ဘ၀ရဲ့ စိတ်ချမ်းသာစရာ
အချိန်တွေကို မကုန်လွန်စေသင့်ပါဘူး
@naymyoko
photo-google image