နှစ်ဆယ့်တစ် ရာစုတွင် လူတွေ အဖြစ်များလာသော တစ်ယောက်နဲ့တစ်ယောက် မကူးစက်တက်သော
ေ၇ာဂါသည် ကင်ဆာရောဂါဖြစ်လေသည်။ မကူးစက်တက်သောရောဂါများထဲတွင် ကင်ဆာရောဂါသည်
ထိပ်ဆုံးက နေရာယူထားပါလေသည် မျိုးရိုးဗီဇကိုလိုက်ပြီး ဖြစ်တက်ပါသည်။ သို့သော်လည်း အများအား
ဖြင့်တော့ လူနေမှုစရိုက် ပြောင်းလဲလာခြင်း ကလည်း အရေးကြိးဆုံး တစ်ခုဖြစ်နေသည်။
ကင်ဆာရောဂါ ဖြစ်နိုင်ချေ အခွင့်အလမ်းတွေ လျှော့ချနိုင်ရန် အတွက်လိုက်နာ ဆောင်ရွက်နိုင်သော
နည်းလမ်းအချို့ကို ရှာဖွေတွေ့ရှီ လေ့လာ တင်ပြလိုက်ပါလေသည်။
မျိုးရိုးလိုက်သော ကိုယ့်မိသားစု ရာဇ၀င်တွင် ကင်ဆာဖြစ်ဖူးသူ ရှိမရှိကို ပြန်လည် ဆန်းစစ်သင့်သည်
အချို့သော ကင်ဆာရောဂါများသည် မျိုးရိုးလိုက်တက်ပါသည်။ ဆ၇ာဝန်အား မိမိမျိုးရိုးထဲတွင် ကင်ဆာ
ဖြစ်ဖူးသူရှိရင် ပြောပြထားရပါမည်။ ဒါမှသာ မိမိကို ကုသနေသော ဆရာဝန်အနေဖြင့် ရောဂါကိုအလွယ်
တကူ ချဉ်းကပ်နိုင်လေသည်။ ရောဂါလက်ခဏာများကို စောင့်ကြည့်ရှာဖွေခြင်းသည်လည်း ကင်ဆာရဲ့
အခြေခံကျသော အနေအထားဖြစ်သည် အချိန်ပေးရခြင်းဖြစ်သည်။ စောစီးစွာ သိမြင်သည်ဆိုလျှင်ကင်ဆာ
ကို ပျောက်ကင်းအောင် ကုနိုင်သည်လည်း ရှီပါသည်။ အများအားဖြင့်တော့ နောက်ကျမှသာ သိကြပါသည်။
@naymyoko