အားကျမိတယ် သူတို့ရဲ့ဘ၀တွေ

naymyoko(42)
Published in
#busy
Words
122
Reading
1 min
Listen
Play
8y

QmWFw8w6VGd2jKE3qNNbWj8Hg25K962adwZk3htqvdAFzZ.jpg

အားကျမိတယ် သူတို့ရဲ့ဘ၀တွေကိုသူတို့က ကံကောင်းတာလား လူတိုင်းလိုချင်တဲ့ဘ၀တွေ ပိုင်ဆိုင်ကြတယ်
သရုပ်ဆောင်တွေကို အားကျမိတယ် သူတို့ရဲ့ဘ၀တွေကို အားကျတာပါ
နက်သားလား နက်သမီးလား သူတို့ ကံကောင်းကြတယ်လေ
ငယ်တုန်းကတော့ ရုပ်ရှင်တွေ ခဏခဏ ကြည့်ဖြစ်တယ် အသက်အရွယ်
ကြီးလာတော့ သိပ်မကြည့်ဖြစ်တော့ပါဘူး နေ့စဉ်စားဝတ်နေရေးနဲ့ အချိန်တွေက
မလောက်နိုင်တော့ဘူး အဲ့ဘက်ကို အချိန် မပေးနိုင်တော့ဘူးပေါ့
သတိရမိတဲ့ ရုပ်ရှင်ကားလေးပေါ့ မိန်းမယူခါနီးရင် စဉ်းစားဖို့လိုမယ်တဲ့ ယောက်ဖတွေ ပါလာရင် အိမ်မှာ ရှုပ်ပါတယ်တဲ့ ခယ်မလေးတွေ ပါလာခဲ့ရင်တော့
အပျင်းလည်းပြေမယ်တဲ့ စသည့်သီချင်းများနဲ့ ဇတ်လမ်းနာမည်နဲ့က အံဝ်ခွင်ကျဖြစ်နေတာပါဘဲ အဲ့ထဲမှာ ရာဇာနေ၀င်းမှာ မိုးမြတ်သူဆိုတဲ့ အစ်မတစ်ယောက် ရှိပါတယ် အဲ့ဒီအစ်မက မန်းလေးသူ ပီပီ ရိုးရိုးအေးအေးကြီးနေတက် တဲ့အပြင် ဘုရားတရားလည်း ကိုင်း ရှိုင်းတာဖြစ်လို့
ကြာသာပတေးနေ့တိုင်း ရွှေတိဂုံဘုရားကို တက်လေ့ ရှိပါတယ် ရာဖာက သူ့အစ်မကို အပတ်စဉ် လိုက်ပို့ရမြဲ ဖြစ်ပါတယ် ကြာသာပတေး တစ်ရက်မျာတော့ မိုးမြတ်သူ ဘုရားဆီမီး ပူဇော်ဖို့ မီးခြစ် မပါလာတဲ့အတွက် အခက်ကြုံနေရပါတယ် ရွှေခြေကျင်းနဲ့ မိုးမြတ်သူကို စောစောကတည်းက သတိထားမိနေတဲ့ ရန်အောင်က
မိုးမြတ်သူရဲ့ အခက်အခဲကို သိလိုက်တဲ့အတွက် သူ့မျာ အဆင်သင့်ပါလာတဲ့ မီး
ခြစ်ထုတ်ပေးပြီး ကူညီလိုက်ပါတယ် မီးခြစ်ပြန်ပေးဖို့ မိုးမြတ်သူလှည့်အကြည့်လိုက် မျာ မီးခြစ်ပိုင်ရှင်က မရှိတော့ပါဘူး ဒါကြောင့် နောက်
တစ်ပါတ်မှာ ပြန်ပေးမယ်လို့ စိတ်ကူးပြီး သိမ်းထားလိုက်မိပါတယ် နောက်တစ်ပါတ်မှာ သူတို့ နှစ်ယောက် ဆံရတော့ မိုးမြတ်သူက မီးခြစ်ပြန်ပေးပါတယ်ရန်အောင်က ဘုရားမိး ပူဇော်ရာမှာ သုံးပေးပါလို့ ပြောတဲ့အတက် မိုးမြတ်သူ လက်ခံလိုက်ပါတယ် မိတ်ဆွေများဖြစ်သွားခဲ့ ကြပြီးတော့ သူတို့နှစ်ယောက် စကား ပြောနေတာကို ကြားလို့ ခပ်လှမ်းလှမ်းမှ အစ်မ ဖြစ်သူကို လာကြိုတဲ့ ရာဇာကိုမြင်လိုက်ပါတယ်
အပိုင်းဆက်လေးတော့ ရေးမယ်လေနော်
naymyoko@naymyoko
photo-google image

အားကျမိတယ် သူတို့ရဲ့ဘ၀တွေ | Ecency