မာရှယ် ဖီးဆိုသူသည်သန်းကြွယ်သူဌေးကြီးဖြစ်သည် သူသည် မက်ဆာချူးဆက်ပြည်နယ်
ပစ်ဖီးမြို့တွင် ကုန်ခြောက်ရောင်းသည့် စတိုးဆိုင်တွင် တောက်တိုမယ်ရ အလုပ်သမားကလေး
တစ်ယောက်အဖြစ်စတင်လုပ်ကိုင်ခဲ့ပါလေသည်။ တစ်ထောင့်ရှစ်ရာခြောက်ဆယ့်ငါးခုနှစ်တွင် ချီကာဂိ
ကုန်ခြောက်ရောင်းသည့် ဆိုင်ကြီးတည်သောအခါတွင် အစုစပ်အဖွဲဝင်တစ်ယောက်အဖြစ် လုပ်ကိုင်
လာပါလေသည်။ တစ်ထောင့်ရှစ်ရာရှစ်ဆယ့်တစ်တွင် အစုစပ် နှစ်ဦးရဲ့ ရျယ်ယာအား ၀ယ်ယူလိုက်ပြီး
ထိုလုပ်ငန်းကို မာရှယ် ဖီးအန်ဟုခေါ်ကာ နာမည်ပြောင်းလိုက်ပါလေသည်။ တစ်ထောင့်ရှစ်ရာကိုးဆယ့်
ငါးတွင် လုပ်ငန်းအများအပြား ဆုတ်ယုတ်လာခြင်းများ ပြင်းထန်လာသော်လည်း သူရဲ့စတိုးဆိုင်သည်
တစ်နှစ်အတွင်း ဒေါ်လာသန်းလေးဆယ် ရရှိကာ ကြီးထွားထင်ရှားလာခဲ့ပါလေတော့သည်။ သူသည် ဆောင်
ပုဒ်တစ်ခုကိုပြုလုပ်ခဲ့ပါလေသည်။ ၀ယ်သူအမြဲမှန်သည်ဟုဖြစ်လေသည်။ နောက်ပိုင်းတွင် သူသည်
စေျးနှုနးကို ရှင်းလင်းစွာဖော်ပြခြင်း အတိုးနှုန်းထားလျှော့ပေါ့ခြင်းနှင့် ကူးသန်းရောင်းဝယ်ခြင်း ကိုပြန်လည်
လုပ်ကိုင်နိုင်အောင် ပြုလုပ်ပေးခြင်းများကို စတင်ဆောင်ရွက်ခဲ့သူဖြစ်လေသည်။ စတိုးဆိုင် တစ်ဆိုင်တွင်
စားသောက်ခန်းတစ်ခန်း ပထမဦးဆုံးပြုလုပ်ခဲ့သူဖြစ်လေသည်။ သူသည် အမြဲတမ်းသတိထားသည်မှာ
ဝယ်သူကို သူ့သဘောရှိသည့်အတိုင်း ဆောင်ရွက်ပေးရန် ဖန်တီးပေးရန်ဆိုသည့် အသိတရားဖြစ်
လေသည်။
@naymyoko
photo : google image