Samsung Pay

Words
64
Reading
1 min
Listen
Play
8y

" Samsung Pay ကို ပြင်သစ်နိုင်ငံတွင် အသုံးပြုနိုင်ပြီ "

Samsung ရဲ့ မိုဘိုင်းငွေပေးချေမှုစနစ်ဖြစ်တဲ့ Samsung Pay ကို ပြင်သစ်မှာ အသုံးပြုနိုင်ပါပြီ။ Samsung ကတော့ တရားဝင်ကြေညာထားခြင်းမရှိသေးဘဲ ပြင်သစ်မှ လူများကတော့ Samsung Pay ကို အသုံးပြုနိုင်ပြီလို့ ပြောပါတယ်။ လူအချို့ကလည်း ၀န်ဆောင်မှုကို အသုံးပြုနိုင်ပြီဆိုတာကို သက်သေပြတဲ့အနေဖြင့် Screenshot များကို မျှဝေထားပါတယ်။ Samsung Pay ကို အသုံးပြုဖို့အတွက် Google Play Store ကနေ Android App ကို အင်စတောလုပ်ရမှာ ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းကနေ လွယ်ကူစွာငွေပေးချေနိုင်တဲ့ ၀န်ဆောင်မှုများကို နည်းပညာကုမ္ပဏီများက အပြိုင်အဆိုင် ပံ့ပိုးပေးနေကြပါတယ်။ Samsung Pay ရဲ့ ပြိုင်ဘက်များကတော့ Apple Pay, Android Pay, LG Pay တို့ ဖြစ်ပါတယ်။31543446_1702083673212785_9009419585329299456_n.jpg

Samsung Pay | Ecency